Wednesday, August 5, 2020

ဖိလစ်ပိုင်က အရှေ့တေင်အာရှတွင် တစ်ရက်အတွင်းရောဂါကူးစက်ခံရသူအများဆုံးတွေ့ရှိမှုစံချိန်တင်

ဖိလစ်ပိုင်နိုင်ငံမှာ သြဂုတ်လ ၄ ရက်က တစ်ရက်တည်းနဲ့ ရောဂါကူးစက်ခံရသူ ၆၃၅၂ ဦးတွေ့ရှိခဲ့တာကြောင့် အရှေ့တောင်အာရှမှာ တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူအများဆုံးတွေ့ရှိမှုဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
ဒီအရေအတွက်ဟာ ဖိလစ်ပိုင်နိုင်ငံတွင်းမှာ ပြီးခဲ့တဲ့ခြောက်ရက်အတွင်း ငါးခုမြောက်စံချိန်ဖြစ်ပြီးတော့ စုစု ပေါင်းရောဂါကူးစက်ခံရသူ ၁၁၂၅၀၀ ကျော်နဲ့သေဆုံးသူ ၂၁၀၀ ကျော်ရှိသွားခဲ့ပြီဖြစ်ပါတယ်။
ဖိလစ်ပိုင်မှာ ပြီးခဲ့တဲ့ဇွန်လကမှ Lockdown ဖြေလျှော့ပေးခဲ့တာဖြစ်ပေမယ့် သြဂုတ်လ ၄ ရက်စကလို့ မနီလာမြို့နဲ့ပတ်ဝန်းကျင်ပြည်နယ်တွေမှာ Lockdown ပြန်လည်ကြေညာထားရပြီဖြစ်ပါတယ်။
ဒေသတွင်းအဖွဲ့ပေါင်း ၈၀ ကိုကိုယ်စားပြုတဲ့ဆရာဝန် ၈၀၀၀၀ နဲ့ သူနာပြုတစ်သန်းက ပိုမိုတင်းကြပ်တဲ့ထိန်းချုပ်မှုတွေလုပ်ဆောင်ဖို့ တောင်းဆိုခဲ့ပြီးတဲ့နောက်မှာ Lockdown ပြန်လည်ပြုလုပ်ခဲ့တာပါ။
မနီလာမြို့မှာ သယ်ယူပို့ဆောင်ရေးတွေရပ်ထားပြီး မြို့တွင်းကလမ်းတွေမှာ ရဲတပ်ဖွဲ့တွေ တပ်ဖြန့်ချထားတယ်လို့ သိရပါတယ်။
Ref ; Pyi Myanmar

0 comments:

Post a Comment