Wednesday, August 26, 2020

စစ်တွေမြို့ပေါ်ရပ်ကွက်များ၌ မိသားစုတစ်ခုတွင် တစ်ဦးသာအပြင်ထွက်ခွင့်ပြုမည့် ကတ်ပြားများထုတ်ပေး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က မြို့ပေါ်ရပ်ကွက်တွေမှာ တစ်အိမ်တစ်ယောက်သာ အပြင်ထွက်ခွင့်ပြုမယ့် အပြင်ထွက်ခွင့်ကတ်ပြားတွေကို ဩဂုတ်(၂၆)ရက်ကစပြီး ထုတ်ပေးနေပြီလို့ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ကပြောပါတယ်။ ဒီလိုလုပ်တာက လူဦးရေလျော့ချနိုင်ပြီး ရောဂါကိုလည်း ကာကွယ်ထိန်းချုပ်ရာ ရောက်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးကဆိုပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ကြေညာချက်အတိုင်း ဝန်ထမ်းတွေနဲ့ အလုပ်သမားတွေကိုတော့ ပုံမှန်ထွက်ခွင့် ပေးထားပြီး အိမ်မှာကျန်ခဲ့တဲ့မိသားစုဝင်တွေထဲက မဖြစ်မနေအပြင်ထွက်ရမယ့်ကိစ္စရှိရင်အသုံးပြုဖို့ အိမ်တစ် အိမ်ကို ကတ်ပြားတစ်ခုပေးထားမှာဖြစ်တယ်လို့ဆိုပါတယ်။ ကျန်းမာရေးကိစ္စအတွက်ဆိုရင်တော့ အိမ်တစ်အိမ်ကို အပြင်ထွက်ခွင့် နှစ်ယောက်ခွင့်ပြုပေးထားတယ်လို့ ဦးအောင်ဇော်ဦးကပြောပါတယ်။
ချမှတ်ထားတဲ့စည်းကမ်းတွေကို လိုက်နာမှု ရှိ မရှိ စစ်ဆေးနိုင်ဖို့အတွက်လည်း ရပ်ကွက်တိုင်းမှာစစ်ဆေးရေးဂိတ် တွေချထားမယ်လို့ဆိုပါတယ်။ စစ်တွေမြို့နယ်မှာ (Stay at home) အစီအစဉ်ကို ဩဂုတ်(၂၀)ရက်ကစပြီး လိုက်နာကြဖို့ မြို့နယ်အတွင်း လိုက်လံကြေညာခဲ့ပြီးဖြစ်ပါတယ်။ အခုထုတ်ပေးတဲ့အပြင်ထွက်ခွင့်ကတ် ပြားဟာ တစ်ဦးတစ်ယောက်တည်းအတွက်မဟုတ်ပဲ မိသားစုထဲကဘယ်သူမဆို အပြင်ထွက်မယ်ဆိုရင် လူ စားလဲပြီး ကတ်ပြားနဲ့ ထွက်လိုရတယ်လို့လည်း ဦးအောင်ဇော်ဦးကပြောပါတယ်။ စစ်တွေမြို့မှာဆိုရင် COVID-19 အတည်ပြုလူနာဦးရေးဟာ ဩဂုတ်(၂၆)ရက်အထိ အယောက်(၁၀၀)ကျော် ရှိလာခဲ့ပြီဖြစ်ပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment