Friday, August 21, 2020

စစ်တွေကနေ ရန်ကုန်ကိုလာတဲ့ ခရီးသည်များကို ကွာရမ်တင်း ထားမယ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကနေ ရန်ကုန်ကိုထွက်ခွာလာတဲ့ ခရီးသည်တင်ယာဉ်(၃)စီးက ခရီးသည်(၆၃) ယောက်ကို တိုက်ကြီးမြို့နယ်မှာ တိုင်းအစိုးရအစီအစဉ်နဲ့ ကွာရမ်တင်းထားဖို့ စီစဉ်နေတယ်လို့ တိုက်ကြီးမြို့ နယ်အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။
ရခိုင်ပြည်နယ်ကနေ သြဂုတ်လ(၂၀)ရက်နေ့က ထွက်လာတဲ့ ခရီးသည်တင်ယာဉ်(၁၈)စီးကို ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့အဝင်မှာ ဒီနေ့ဩဂုတ်လ(၂၁)ရက်နေ့မနက်က ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် စစ်ဆေးခဲ့တာလို့ သိရပါတယ်။
ရခိုင်ပြည်နယ်ကလာတဲ့ ခရီးသည်တင်ယာဉ်(၁၈)စီးမှာ ခရီးသည်ပေါင်း(၃၉၂)ယောက်ပါလာခဲ့ပြီး မနက်(၄)နာရီ ကစပြီးတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ တခြားမြို့တွေကလာတဲ့ ယာဉ်(၁၅)စီးပေါ်က ခရီးသည်တွေကို အပူချိန်တိုင်းတာပြီး သွားခွင့်ပေးလိုက်ပြီလို့ သိရပါတယ်။
ဒါ့အပြင် စစ်တွေမြို့ကနေ ရန်ကုန်မြို့ကို ဒီနေ့မနက်ရောက်လာတဲ့ ယာဉ်(၁၀)စီးပေါ်က ခရီးသည်(၁၀၂)ယောက် ကိုလည်း အောင်မင်္ဂလာအဝေးပြေးမှာ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ဖို့အတွက်စစ်ဆေးခဲ့ပြီးတော့ Quarantine စင်တာပို့သွားမယ်လို့ သိရပါတယ်။
အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေအပြင် မြောက်ဦးမှာပါ ပြည်တွင်းကိုဗစ်လူနာတွေကိုစစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး စုစုပေါင်း(၁၉)ယောက်ထိရှိနေတာပါ။
>>zawgyi<<

0 comments:

Post a Comment