Wednesday, August 5, 2020

လဝကဝန်ကြီးမိသားစုမှာပင် မဲစာရင်းမှားယွင်းမှု ကြုံတွေ့နေရ

ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ကောက်ယူမှုနှင့် ထုတ်ပြန်ခြင်းလုပ်ငန်းစဉ်များတွင် ပါဝင် ဆောင်ရွက်နေသည့် ဝန်ကြီးဌာနတစ်ခုဖြစ်သော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး၏မိသားစုမှာပင် မဲစာရင်းမှားယွင်းမှုနှင့်ကြုံတွေ့ရကြောင်း ဝန်ကြီးဦးသိန်းဆွေက ယနေ့တွင် ပြောကြားသည်။
COVID-19 ကာလအတွင်း ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြုလုပ်သည့် အွန်လိုင်းမှတစ်ဆင့်တွေ့ဆုံစကားဝိုင်းတွင် ပြည်ထောင်စုဝန်ကြီးဦသိန်းဆွေက ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
“ကျွန်တော့်မိသားစုမှာတောင်မှ အဲ့ဒီလို မှားတာတွေ ဖြစ်ပေါ်ပါတယ်။ ကျွန်တော့်သားရဲ့ မိခင်နာမည်လွဲ ပါတယ်။ ကျွန်တော့်ချွေးမရဲ့ဆုံးသွားတဲ့ အဖွားနာမည်ပြန်ပါနေပါတယ်။ မွေးသက္ကရာဇ်တောင်မှ အသက်ပြန် ငယ်နေပါသေးတယ်”ဟု ၎င်းကဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပူးပေါင်း၍ အခြေခံမဲဆန္ဒရှင်စာရင်း ကောက်ယူရာတွင် အရှိအတိုင်း ကောက်ယူသည့် စနစ်ကို ကျင့်သုံးခဲ့ပြီး ကောက်ယူရာတွင် ပါဝင်ခဲ့သူများ အနေဖြင့် စာရင်းကောက်ယူမှုနှင့် ဖြည့်သွင်းမှုလုပ်ငန်းများတွင် အားနည်းမှုများရှိခဲ့၍ မဲစာရင်းအမှားအယွင်များ ပေါ်ပေါက်ခြင်းဖြစ်နိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
အထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲစာရင်းထုတ်ပြန်ရာတွင် အမှားအယွင်းအများအပြား ထွက်ပေါ်လာသော်လည်း ယခင်ရွေးကောက်ပွဲကာလများထက် မဲစာရင်းကြည့်သူ တိုးလာပြီး ကာယကံ ရှင်များကိုယ်တိုင် ပြင်ဆင်ပြင်ဆင်နေသည့်အပြင် ကော်မရှင်အနေဖြင့်လည်း မဲစာရင်းမှန်ကန်ရေးဆက်လက် ဆောင်ရွက်နေကြောင်း ဆွေးနွေးမှုတွင်ပါဝင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဦးမြင့်နိုင်က ရှင်းပြသည်။
ထို့ကြောင့် ရွေးကောက်ပွဲကာလတွင် မြေပြင်အခြေအနေနှင့် အနီးစပ်ဆုံး ကိုက်ညီသည့် မဲဆန္ဒရှင်စာ ရင်း ထွက်ပေါ်လာမည်ဟုယုံကြည်ကြောင်း ၎င်းကပြောသည်။ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ဇူလိုင် ၂၅ရက်မှ သြဂုတ် ၇ရက်အထိ ပထမအကြိမ် ထုတ်ပြန်ကြေညာထားသည်။
Ref ; 7Day

0 comments:

Post a Comment