Friday, August 21, 2020

သြစတြေးလျတွင် ဒေါ်လာနှစ်သိန်းခွဲတန်ကြေးရှိ ရွှေတုံးကြီး နှစ်ခုတွေ့ရှိ

သြစတြေးလျနိုင်ငံတောင်ပိုင်း ဗစ်တိုးရီးယားပြည်နယ် Tarnagulla မြို့အနီးမှာ အလေးချိန်ဟာ(၃.၅)ကီလိုဂရမ်ရှိပြီး အမေရိကန်ဒေါ်လာ နှစ်သိန်းခွဲတန်ကြေးရှိတဲ့ ရွှေတုံးကြီးနှစ်ခုကို ရွှေတူးသူတွေက တွေ့ရှိခဲ့တယ်လို့ CNN သတင်းမှာဖော်ပြထားပါတယ်။
ဒီရွှေတုံးနှစ်တုံးကို ဈေးကွက်ထဲမှာ ရောင်းချတဲ့အခါ သူတို့ရဲ့အလေးချိန်ပေါ်မူတည်ပြီး လက်ရှိခန့်မှန်းထားတာထက် (၃၀)ရာခိုင်နှုန်းဈေးပိုရနိုင်တယ်လို့လည်း Discovery Channel မှာထုတ်လွှင့်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်းကလည်း Tarnagulla မြို့တောင်ဘက်ရှိ Ballarat မြို့ပြင်မှာ အလေးချိန်(၅.၅)ကီလိုဂရမ်ရှိတဲ့ ရွှေတုံးကြီးတစ်တုံးကို တူးဖော်ရရှိခဲ့ဖူးပါတယ်။အဲဒီအချိန်က တွေ့ရှိခဲ့တဲ့ ရွှေတုံးကြီးကို အနည်းဆုံး အမေရိကန်ဒေါ်လာ သုံးသိန်းတန်တယ်လို့ ကျွမ်းကျင်သူတွေက ဈေးဖြတ်ခဲ့ပါတယ်။ ဒီဒေသတွေမှာ ရွှေကို (၁၈၅၁)ခုနှစ်ကစပြီး တွေ့ရှိနေခဲ့တာဖြစ်ပါတယ်။
crd-OneNewsMyanmar #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment