Monday, August 10, 2020

မြင်းကကုန်းရဲစခန်းတွင် ဖမ်းဆီးခံထားရသူတစ်ဦး အချုပ်ခန်းအတွင်း သေဆုံးမှုဖြစ်ပွားသဖြင့် တရားမျှတမှုလိုလားနေ

ဘိုကလေးမြို့နယ် မြင်းကကုန်းရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသူတစ်ဦး သြ ဂုတ် ၉ ရက် နံနက်က အချုပ်ခန်းအတွင်း သေဆုံးသွားကြောင်း သေဆုံးသူ၏ ဖခင်ဦးဖိုးလုံးက ပြောသည်။
သေဆုံးသူသည် အသက် (၂၆)နှစ်အရွယ်ရှိ ကျော်သက်ဦး ဆိုသူဖြစ်ပြီး ၎င်းသည် လွန်ခဲ့ သည့်လအနည်းငယ်က တပ်မတော်မှ အငြိမ်းစားယူခဲ့သူဟုဆို သည် ။
ကျော်သက်ဦးသည် သြဂုတ် ၆ ရက် ညက စတင်ဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်သည်။
သြဂုတ် ၆ရက် ည ၈ နာရီ ခန့်က မြင်းကကုန်းတစ်ဖက် ကမ်းရှိ ဦးအငယ်လေးအိမ်ရှေ့ တွင် ရပ်ထားသော စက်လှေကို ကျော်သက်ဦးက မြင်းကကုန်း ရွာသို့ မောင်းနှင်လာခဲ့ကြောင်း၊ စက်လှေပျောက်သဖြင့် လိုက်ရှာ ရာ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် တွေ့သဖြင့် ဖမ်းဆီး၍ ရဲစခန်းသို့ ပို့ခဲ့ကြောင်း ဦးအငယ်လေးက ပြောသည်။
သို့သော် ၎င်းအိမ်ပြန်ရောက် ချိန်တွင် ကျော်သက်ဦးသည် ၎င်း ၏တူဖြစ်ကြောင်း၊ တပ်မတော်မှ အငြိမ်းစားယူ၍ ပြန်လာသည်မှာ မကြာသေးကြောင်း သိသဖြင့် မြင်းကကုန်းရဲစခန်းသို့ အမှုမဖွင့် လိုတော့ကြောင်း၊ ဖမ်းဆီးထားသူ မှာ တူဖြစ်နေကြောင်း ဖုန်းဖြင့် အကြောင်းကြားခဲ့သည်ဟု ဦးအ ငယ်လေးက ပြောသည်။
‘‘ပြောရရင် အမှုတောင်မဖွင့် ရသေးဘူး။ ဒါနဲ့ဘာမှမလုပ်တော့ဘူး၊ ကလေးလည်းပြန်လွှတ်ပေး ပါလို့ ရဲကိုဖုန်းဆက်ပြောတော့ ရဲက သူတို့အပိုင်းဖြစ်သွားပြီ။ ကျွန်တော်တို့နဲ့ မဆိုင်တော့ဘူးလို့ ပြန်ပြောတယ်’’ ဟု ဦးအငယ်လေး က ဖြစ်စဉ်ကို ရှင်းပြသည်။
သြဂုတ် ၉ ရက် နံနက် ၇ နာရီခွဲခန့်တွင် ကျော်သက်ဦးသေဆုံးကြောင်း၊ အလောင်းကို မြင်းကကုန်းဆေးရုံ၌ ဆေးစစ် ချက်ရယူရန် ပို့ထားကြောင်း ရဲတပ်ဖွဲ့က မိသားစုထံ အကြောင်း ကြားခဲ့သည်ဟု ဖခင် ဦးဖိုးလုံးက ပြောသည်။
ဖမ်းသွားသည့်အချိန်က တည်းက မိသားစုနှင့်တွေ့ခွင့်မရခဲ့ကြောင်း ကျော်သက်ဦး၏ ဖခင် ဖြစ်သူ ဦးဖိုးလုံးကပြောသည်။
‘‘ထမင်းပို့ချိန်တောင် အပြင် ကပဲ ပေးခဲ့ရတာပါ’’ ဟု ဦးဖိုးလုံး ကပြောသည်။
ကျော်သက်ဦး၏ ရုပ်အ လောင်းကို ဆေးရုံမှ နေအိမ်သို့ သြဂုတ် ၉ ရက် မွန်းလွဲ ၂ နာရီခွဲ တွင် ရဲက လာရောက်အပ်နှံခဲ့ပြီး ရဲစခန်း၏အမှားဖြစ်၍ ဥပဒေအ တိုင်းဆောင်ရွက်ပါက လိုက်နာ သွားမည်ဖြစ်သည်ကို စခန်းမှူး ရဲအုပ် ဇော်မျိုးထက်က မိသားစု အား ပြောခဲ့ကြောင်း အဆိုပါအမှု ဖြစ်စဉ်ကို လိုက်လံကူညီဆောင် ရွက်ပေးနေသူ ဦးအောင်မြင့်ဦးက ပြောသည်။
ကျော်သက်ဦး၏ ခန္ဓာကိုယ် အနှံ့တွင် မီးလောင်သကဲ့သို့ ညို မည်းနေပြီး လက်နှင့်ခြေများတွင် လက်ထိတ်ခတ်ထားသော ကြောင့် ပိုမိုညိုမည်းနေခြင်း၊ မျက်လုံးတစ်ဖက်ပိတ်နေခြင်း၊ လည်ပင်းနှင့် ကျောတွင် ညိုမည်း နေခြင်း စသည့် ဒဏ်ရာများစွာ ရထားကြောင်း ဦးအောင်မြင့်ဦးက ပြောသည်။
အဆိုပါရဲစခန်းတွင် အခြား အမှုတစ်ခုဖြင့် အချုပ်ကျခဲ့သူ ဦးသောင်းအေးကမူ ကျော်သက် ဦးသည် အချုပ်ခန်းအတွင်း ရဲ၏ ရိုက်နှက်စစ်ဆေးမှုကြောင့် သေ ဆုံးရခြင်းဖြစ်ကြောင်း ပြော သည်။ ကျော်သက်ဦးအား စက် လှေမှောင်ခိုဂိုဏ်းတွင် ပါဝင်သူ ဖြစ်သည်ဟုဆိုကာ ရဲများက ရိုက်နှက်စစ်မေးခြင်းဖြစ်သည်ဟု ဦးသောင်းအေးက ပြောသည်။
မြင်းကကုန်းကျေးရွာသည် ဘိုကလေးမြို့နှင့် ကိုးမိုင်ခန့်ကွာ ဝေးသည်။ ကျော်သက်ဦး အချုပ် ခန်းအတွင်း သေဆုံးမှုကြောင့် မြင်းကကုန်းကျေးရွာမှ အသက် (၇၅) နှစ်အရွယ်ရှိ ဦးသန်းမြင့် သည် သြဂုတ် ၉ ရက် နံနက် ၁၁ ခွဲခန့်တွင် ရွာတစ်ပတ်လှည့်ကာ တစ်ကိုယ်တော်ဆန္ဒပြခဲ့သည်။ မြင်းကကုန်းရဲစခန်းတွင် ရဲများ နှိပ်စက်မှုကြောင့် သေဆုံးခဲ့သည်မှာ သုံးကြိမ်ရှိပြီဖြစ်ပြီး တရားမျှတမှုလိုလား၍ ဆန္ဒပြရခြင်းဖြစ်ကြောင်း ဦးသန်းမြင့်က ပြောသည်။ အဆိုပါ အခြေအနေအား မြင်းကကုန်းစခန်းမှူး ရဲအုပ်ဇော် မျိုးထက်ထံ ဆက်သွယ်မေးမြန်းခဲ့ ရာ ကျော်သက်ဦး ရဲစခန်းအချုပ်အတွင်း သေဆုံးခဲ့သည်မှာ မှန်ကန်ကြောင်း၊ သို့သော်လည်း ရဲနှိပ်စက်၍ သေဆုံးခြင်းမဟုတ်ကြောင်း၊ နောက်ကွယ်တွင် ဖြစ်ရပ်များရှိသဖြင့် ရဲစခန်းသို့လာ ရောက်မှသာ အသေးစိတ်ပြောကြားနိုင်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
Crd : 7Day

0 comments:

Post a Comment