Wednesday, August 19, 2020

မော်လိုက်မြို့ရှိ ကျပ်သိန်းပေါင်း ခုနှစ်ထောင် ကုန်ကျခံ၍ တည်ဆောက်ထားသည့် မြစ်ကမ်းထိန်းနံရံ တစ်နှစ်မပြည့်မှီပြိုကျမှုဖြစ်ပွား

လက်ရှိ အစိုးရလက်ထက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊မော်လိုက်ကလေးကျေးရွာရှိ မြစ်ကမ်းထိန်းနံရံကို ကျပ်သန်းပေါင်း ခုနှစ်ထောင် အကုန်ကျခံ၍ တည်ဆောက်ခဲ့သော်လည်း အဆိုပါ ကမ်းထိန်းနံရံသည် တစ်နှစ်မပြည့်မှီ ပြိုကျခဲ့ကြောင်း သိရှိရပါတယ်။
အဆိုပါ ဖြစ်စဉ်ကြောင့် မော်လိုက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က စီမံကိန်းတည်ဆောက်မှု အရေအသွေးမပြည့်မှီလျှင် လုပ်ပိုင်ခွင့်ရသူကို အရေးယူရန် ပြည်ထောင်စုအစိုးရသို့ တိုင်ကြားခဲ့ကြောင်း သိရှိရပါတယ်။
“ဘယ်လိုဖြစ်လို့ပြိုသွားလဲဆိုတော့အကြောင်းကတော့အများကြီးပေါ့လေ။သူတို့ရဲ့ တည်ဆောက်မှုပုံစံက ကျွန်မတို့ရဲ့မြေပြင်အနေအထားနဲ့မကိုက်ညီတာလည်းပါတာပေါ့။ ကျွန်မထင်တာတော့ အရည်အေ သွးပိုင်းမှာလည်း အားနည်းတယ်လို့ထင်တယ်။ ဒီမြေထိန်းနံရံအထက်မှာ ရေကာတန်းကိုရိုက်ဖို့ ရွာက လူတွေကသဘောမတူဘူး။ အဲဒီမှာရှိတဲ့ဆိုက် အင်ဂျင်နီယာကလည်းရေကာတန်းကိုမရိုက်ဘူး။ ရေကာ တန်းဆိုတာရေကိုကန့်လန့်ခံထားတဲ့ဟာပေါ့။တိုင်းကညွှန်မှူးတစ်ယောက်ကလာပြီး အထက်ကချထား တဲ့အတိုင်း ဒီဇိုင်းအတိုင်းလုပ်ရမယ်။ ရွာသားတွေပြောတဲ့အတိုင်း မလုပ်ရဘူးဆိုပြီးပြောသွားတယ်။ အဲဒီမှာရေကာတန်းဆောက်တော့ကရေက ဝဲပြန်ပြီး နံရံကိုပြန်ထိုးတာပေါ့။ အဓိက ဒီဇိုင်းကြောင့်ပဲ။ အခု ကျွန်မအထက်အဆင့်ဆင့်ကို တင်ပြထားတယ်။ တင်ပြထားတယ်ဆိုကတည်းက စစ်ဆေးပေးဖို့ အရေးယူပေးဖို့လည်းပါပါတယ်” ဒေါ်ချိုချိုဝင်း(မော်လိုက်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)ကပြောပါတယ်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ် မော်လိုက်ကလေးကျေးရွာ မြစ်ထိန်းနံရံမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်ခွင့်ပြုရန်ပုံငွေ ကျပ်သန်းရ၀၀ (သိန်းခုနှစ်ထောင်)နီးပါး အကုန်အကျခံတည်ဆောက်ပြီးစီးခဲ့ကာ ၂၀၂၀ခုနှစ်သြဂုတ်လ ၁ရက်နေ့တွင် စတင်ပြိုကျခဲ့ပြီးနောက် လက်ရှိအချိန်ထိ ပြိုကျမှုများ ထပ်ပေါ်လျက်ရှိကြောင်း သိရှိရပါတယ်။

0 comments:

Post a Comment