Wednesday, August 19, 2020

မန္တလေးတိုင်းတွင် ညမထွက်ရအမိန့်လိုက်နာမှု အားနည်းလာ၍ ပြန်လည်ကြပ်မတ်မည်

မန္တလေးတိုင်းတွင် COVID-19 ကြောင့် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို လိုက်နာမှုအားနည်းလာသဖြင့်ပြန်လည်ကြပ်မတ်ဆောင်ရွက်မည်ဟု မန္တလေးတိုင်း COVID- 19 ရောဂါ သတင်းအမှားစောင့်ကြည့်ရေးနှင့် သတင်းမှန်ထုတ် ပြန်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောသည်။
COVID-19 နှင့်ပတ်သက်၍ လိုက်နာရန် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ထုတ်ပြန် ထားဆဲဖြစ်သော်လည်း အပြင်ထွက်သည့်အခါ Mask မတပ် ခြင်း၊ လူစုလူဝေးများလာခြင်းနှင့် ညမထွက်ရအမိန့်ကို လိုက်နာမှုအားနည်းလာခြင်းတို့ကြောင့် သြဂုတ် ၁၃ ရက်က စတင်ကာစည်းကမ်းပြန်လည် တင်းကျပ်ခဲ့ ကြောင်း ၎င်းကဆိုသည်။
‘‘၁၂ နာရီကျော်လည်း သွား လာတဲ့သူက တအားများနေတဲ့ အတွက် ဒါကတော့မဖြစ်သေး ဘူး။ ‌ဖြေလျှော့မှုတွေလည်း မပေး ထားသေးဘူး။ ဒါကိုကြပ်ကြပ် မတ်မတ်ပြန်လုပ်ဖို့လိုတယ်ဆိုပြီး ခါတိုင်းထက် လှည့်ကင်း၊ ပတ်ကင်း ပိုလုပ်လာတာပေါ့’’ ဟု ဦးစိုင်းပန်းဆိုင်က ပြောသည်။
ည ၁၂ နာရီမှ နံနက် ၄ နာရီ အတွင်း ညမထွက်ရအမိန့်ကို သြ ဂုတ်လကုန်ထိ သက်တမ်းတိုးမြှင့် ထားကြောင်း တိုင်းအစိုးရအဖွဲ့ က သြဂုတ် ၁၇ ရက်တွင် ထုတ် ပြန်ကြေညာထားသည်။ မန္တလေး တိုင်းတွင် ညမထွက်ရအမိန့် ဖောက်ဖျက်သောကြောင့် မတ်လ မှ သြဂုတ် ၁၅ ရက်ထိ အရေးယူမှု ၉၈ မှုရှိကြောင်း ဝန်ကြီးက ပြောသည်။
မန္တလေးတိုင်းတွင် COVID- 19 အတည်ပြုလူနာ လေးဦးတွေ့ ရှိခဲ့ပြီး အားလုံး ရောဂါပိုးကင်းစင်ကာ ဆေးရုံမှ ဆင်းခွင့်ရရှိပြီးဖြစ်သည်။
Ref ; 7Day

0 comments:

Post a Comment