Monday, August 24, 2020

ဟောင်းနွမ်းငွေစက္ကူ ကျပ်ဘီလီယံ ၂၀၀၀ ကျော်ကို ဖျက်ဆီးခဲ့

အများပြည်သူသုံးစွဲရန်မသင့်လျော်သော ဟောင်းနွမ်း ငွေစက္ကူတန်ဖိုး ကျပ်ဘီလီယံ ၂,၂၈၀ ကျော်ကို ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ဖျက်ဆီးခဲ့တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဘဏ္ဍာရေးနှစ်ချုပ်အစီရင်ခံစာ တွင် ဖော်ပြထားကြောင်း သိရသည်။
၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် အများပြည်သူ ကိုင်တွယ်သုံးစွဲမှုများသည့် တစ်ကျပ်တန်မှ ကျပ် ၅၀၀ တန်အထိ ဟောင်းနွမ်းငွေ စက္ကူများကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိက ဘဏ်များက ပေးသွင်းလာသော ငွေစက္ကူများထဲမှ ကျပ် ဘီလီယံ ၄,၀၀၀ ကျော်ကို ပြန်လည်သုံးစွဲ ရန်ထုတ်ပေးပြီး ကျပ် ဘီလီယံ ၂,၂၈၀ ကျော်ကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
၂၀၁၈ ဧပြီမှ စက်တင်ဘာ အထိ ကြားကာလ ခြောက်လ ဘတ်ဂျက်တွင်လည်း ဟောင်းနွမ်း ငွေစက္ကူ ကျပ် ၈၁၁ ဘီလီယံကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ပြည်တွင်းရှိ အစိုးရနှင့် ပုဂ္ဂ လိကဘဏ်များက ဟောင်းနွမ်း စုတ်ပြဲနေသော ငွေစက္ကူများလဲ လှယ်ပေးနိုင်မည့် အစီအစဉ်ကို ဗဟိုဘဏ်သို့ ပြန်လည်တင်ပြရန် ဗဟိုဘဏ်က ညွှန်ကြားထားသည်။
မြန်မာနိုင်ငံက ထုတ်လုပ်သော တန်ဖိုးငယ်ငွေစက္ကူများသည် ဟောင်းနွမ်းလွယ်သကဲ့သို့ သုံးစွဲသူများ၏ တန်ဖိုးထားထိန်းသိမ်းမှုအားနည်းခြင်းများကြောင့် ငွေစက္ကူအသစ်တစ်ရွက်၏သက်တမ်းမှာ အများဆုံးသုံးနှစ်သာခံကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင် သူအချို့ကပြောသည်။
>>zawgyi<<

0 comments:

Post a Comment