Monday, August 17, 2020

ပြည်ခိုင်ဖြိုးပါတီ အစိုးရဖွဲ့နိုင်လျှင် မြန်မာနိုင်ငံ၌ တရားမဝင်လာရောက်နေထိုင်သည့် နိုင်ငံခြားသားများကို အရေးယူမည်ဟုဆို

လာမည့် ၂၀၂၀ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီ အစိုးရဖွဲ့နိုင်လျှင် မြန်မာနိုင်ငံ၌ နည်းလမ်းအသွယ်သွယ်ဖြင့် တရားမဝင် လာရောက်နေထိုင်သည့် နိုင်ငံခြားသားများကို မြေလှန်ရှာပြီး ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။
ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိလျှင် တရားမဝင်နေထိုင်သည့် နိုင်ငံခြားသားများ မြေလှန်ရှာ၍ အရေးယူဆောင်ရွက်မည့်ကိစ္စရပ်ကို ပြည်ခိုင်ဖြိုးပါတီဥက္ကဠ ဦးသန်းဌေးမှ ပြည်သူများကို ကတိပေးထားပြီး အလားတူ လက်ရှိအစိုးရလက်ထက်၌ နိုင်ငံခြားသား ၉၀ ကျော်ကို ဌားရမ်း၍ နိုင်ငံတော်၏အကြံပေး ခန့်အပ်ထားမှုကြောင့် နိုင်ငံ၏အတွင်းရေးများသည် ပြည်ပသို့ ပေါက်ကြားနိုင်ကြောင်း ၎င်းက သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုပါသည်။
ထို့အတူ ပြည်ခိုင်ဖြိုးပါတီ အစိုးရဖွဲ့နိုင်လျှင် နိုင်ငံခြားသားများကို ဌားရမ်းအသုံးပြုခြင်း၊ခန့်အပ်ခြင်းများ ဆောင်ရွက်ရန်မရှိဘဲ ပြည်တွင်းရှိ ပညာရှင်များကိုသာ ခန့်အပ်သွားမယ်လို့ ဦးသိန်းထွန်းဦးက ဆိုပါတယ်။
crd-PeopleMedia #Myanmar_Online_News
>>zawgyi<<
ပြည်ခိုင်ဖြိုးပါတီ အစိုးရဖွဲ့နိုင်လျှင် မြန်မာနိုင်ငံ၌ တရားမဝင်လာရောက်နေထိုင်သည့် နိုင်ငံခြားသားများကို အရေးယူမည်ဟုဆို
Tuesday, August 18, 2020
လာမည့် ၂၀၂၀ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီ အစိုးရဖွဲ့နိုင်လျှင် မြန်မာနိုင်ငံ၌ နည်းလမ်းအသွယ်သွယ်ဖြင့် တရားမဝင် လာရောက်နေထိုင်သည့် နိုင်ငံခြားသားများကို မြေလှန်ရှာပြီး ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။
ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိလျှင် တရားမဝင်နေထိုင်သည့် နိုင်ငံခြားသားများ မြေလှန်ရှာ၍ အရေးယူဆောင်ရွက်မည့် ကိစ္စရပ်ကို ပြည်ခိုင်ဖြိုးပါတီဥက္ကဠ ဦးသန်းဌေးမှ ပြည်သူများကို ကတိပေးထားပြီး ဖြစ်တယ်နှင့် အလားတူ လက်ရှိအစိုးရလက်ထက်၌ နိုင်ငံခြားသား ၉၀ ကျော်ကို ဌားရမ်း၍ နိုင်ငံတော်၏ အကြံပေး ခန့်အပ်ထားမှုကြောင့် နိုင်ငံ၏ အတွင်းရေးများသည် ပြည်ပသို့ ပေါက်ကြားနိုင်ကြောင်း ၎င်းက သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုပါသည်။
ထို့အတူ ပြည်ခိုင်ဖြိုးပါတီ အစိုးရဖွဲ့နိုင်လျှင် နိုင်ငံခြားသားများကို ဌားရမ်းအသုံးပြုခြင်း၊ခန့်အပ်ခြင်းများ ဆောင်ရွက်ရန် မရှိဘဲ ပြည်တွင်းရှိ ပညာရှင်များကိုသာ ခန့်အပ်သွားမယ်လို့ ဦးသိန်းထွန်းဦးက ဆိုပါတယ်။
crd-PeopleMedia #Myanmar_Online_News

0 comments:

Post a Comment