Friday, August 14, 2020

နိုင်ငံတော်ကပေးသည့် ထောက်ပံ့ငွေကို အလွဲသုံး စားပြုသည်ဟုဆိုကာ အုပ်ချုပ်ရေးမှုးကို တိုင်ကြား

နိုင်ငံတော်ကပေးသည့် ထောက်ပံ့ငွေကို အလွဲသုံး စားပြုသည်ဟုဆိုကာ ရွှေဘိုခရိုင် ဘုန်းဘွဲ့ကျေးရွာ အုပ် ချုပ်ရေးမှုးကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်တို့ထံ တိုင်စာပေးပို့ထားကြောင်း သိရသည် ။
နိုင်ငံတော်က ထောက်ပံ့ငွေသည့် နှစ်သောင်းကျပ်ကို ထုတ်ယူပြီးကြောင်း လက်မှတ်ရေးထိုးခိုင်းပြီးနောက် လမ်းခင်းရန်အတွက် ပြန်လည်ထည့်ခိုင်းခဲ့ကြောင်းသိရသည်။
" နှစ်သောင်းကို လမ်းအတွက် မထည့်မနေရဆိုပြီး မတရားသဖြင့် ထည့်ခိုင်းတယ်။ အချို့က ကြောက်လို့ မပြောရဲကြဘူး။ ကျွန်တော်တို့က မခံနိုင်လို့တိုင်တာ”ဟုတိုင်ကြားသူ ဦးကြည်လှိုင်က ပြောသည်။
အဆိုပါ တိုင်ကြားခံရမှုနှင့် ပတ်သက်ပြီး ဘုန်းဘွဲ့ကျေးရွာအုပ်ချုပ်ရေးမှုး ဦးသန်းထွန်းအောင်ကကိုဗစ် ထောက်ပံ့ငွေ နှစ်သောင်းကျပ်ကို ကျေးရွာသူ၊သားများသို့ ပေးအပ်ခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် လမ်းကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် လမ်းခင်းရန် အလှုခံခဲ့ခြင်းသာဖြစ်ကြေင်း ပြန်လည်ဖြေကြားခဲ့သည်။
" မဟုတ်တာလုပ်ရင် ဥပဒေအတိုင်း ဆုံးဖြတ်မှုခံယူမယ်။ ကျွန်တော်မှန်တယ်ဆိုရင် သူတို့အတွက်(တိုင်ကြားသူများ) ဥပဒေအရ ဆုံးဖြတ်ပေးဖို့ ဘယ်သူက တာဝန်ယူမလဲ သိချင်တယ် " ဟု ဦးသန်းထွန်းအောင်က ပြောသည်။
နိုင်ငံတော်အစိုးရမှ ပထမအကြိမ်အဖြစ် ကိုဗစ်ထောက်ပံ့ကြေးအနေဖြင့် ပုံမှန်ဝင်ငွေ မရှိသော အခြေခံ လူတန်းစားများကို အိမ်ထောင်စုတစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ၊ ကြက်သွန်နီ ၁ ပိဿ စုစုပေါင်း ၅ မျိုးစီ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Ref ; The Fifth Wave News

0 comments:

Post a Comment