Thursday, August 13, 2020

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖားကန့်မြို့နယ်၌ မြေပြိုကျမှုများ ဆက်တိုက်ဖြစ်ပွားနေ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖားကန့်မြို့နယ် ၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာတွင် သြဂုတ်လ ၁၀ ရက်နေ့မှစတင်ကာ မြေပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မြေပြိုကျမှုမှာ လခူးချောင်း ကျေးရွာအတွင်းရှိ ရွှေဟိန်းထက်ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီအုပ်ချုပ်မှုဆောင်ဝန်းအတွင်းရှိ ကုမ္ပဏီအုပ်ချုပ်မှု အဆောင်ဟောင်း အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"အဲ့ဒီမြေပြိုကျမှုမှာတော့ လူအသေအပျောက် မရှိဘူး၊ အဆောက်အအုံဟောင်းက လူမနေဘူးလေ ဒါပေမယ့် အဲဒီ အဆောက် အအုံ ကတော့ မြေပြိုကျမှုနဲ့အတူပါသွားတယ်။ " ဟု ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးဉာဏ်လင်းအောင်က ပြေသည်။
ထို့အပြင် သြဂုတ်လ ၁၁ ရက်နေ့တွင်လည်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမှုကြောင့်မြေစာပုံ ထပ်မံ ပြိုကျမှု ဖြစ်ပွားခဲ့ပြီး ရွှေဟိန်းထက် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီအုပ်ချုပ်မှု အဆောင် အနီးရှိ လူနေ ထိုင်ခြင်းမရှိသည့် (၂)ထပ် အဆောက် အအုံ ၁လုံး မြေစာများနှင့် အတူ ပြိုကျမှူဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးဆက်လက် ရွာသွန်းပါက ထပ်မံ ပြိုကျနိုင်သည့် အခြေအနေရှိသောကြောင့် မြေစာပြိုကျရာ နေရာ အနီးအနားသို့ ရွာသူရွာသားများ သွားလာခြင်း မရှိစေရန် မြို့နယ် အုပ်ချုပ်ရေး အဖွဲ့က အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
Crd : People

0 comments:

Post a Comment