Saturday, August 8, 2020

အိန္ဒိယလေယာဉ်တစ်စီး ပျက်ကျ- အနည်းဆုံး လူ(၁၆)ယောက်သေဆုံး

အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာပြည်နယ်မှာ အိန္ဒိယလေကြောင်းလိုင်းက လေယာဉ်တစ်စီး အခုလ(၇)ရက်က ပြေးလမ်းချော်ခဲ့လို့ အနည်းဆုံး လူ(၁၆)ယောက် သေဆုံးခဲ့ပြီး၊ (၁၂၃) ဦိး ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်ရဲတွေက ပြောပါတယ်။
အဲအိန္ဒိယလေယာဉ်ဟာ ဒူဘိုင်းကနေ အိန္ဒိယနိုင်ငံ ကီရာလာပြည်နည်ရှိ ကိုးရှီကိုလ်မြို့က နိုင်ငံတကာလေဆိပ် ကို ဆင်းသက်စဉ် မိုးကြီးမှုကြောင့် ပြေးလမ်းချော်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလေယာဉ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံပြင်ပမှာပိတ်မိနေတဲ့ နိုင်ငံသားတွေကို အထူးအစီအစဉ်နဲ့ တင်ဆောင် လာခဲ့တာဖြစ်ပါတယ်။
သေဆုံးတဲ့အထဲမှာ လေယာဉ်မှူးတစ်ဦးလည်း ပါဝင်ပြီး၊ ဒဏ်ရာရသူထဲက အနည်းဆုံး (၁၅)ယောက်ဟာလည်း အခြေအနေ ဆိုးဝါးတယ်လို ပြည်နယ်ရဲအရာရှိက ပြောပါတယ်။ လေယာဉ်ပျက်ကျမှုကို အာဏာပိုင်တွေ စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment