
စစ်တွေမှ ရန်ကုန်သို့ လာရောက်မည့်သူများသည် ရန်ကုန်မြို့၌ Quarantine ဝင်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကပြောကြားလိုက်သည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက သြဂုတ်လ (၂၀)ရက်၌ ၎င်း၏ လူမှုကွန်ယက်တွင် အထက်ပါအတိုင်း ရေးသားခဲ့ခြင်းဖြစ်သည်။
“ စစ်တွေမှရန်ကုန်သို့ လာရောက်ကြမည့်သူများ ရန်ကုန်တွင် ကွာရန်တင်းနေရပါမယ်။ SWAB (ဓါတ်ခွဲနမူနာ ရယူခြင်း) ၂ခါယူရပါမယ်။ ဟိုတယ်သို့မဟုတ်သွားလာကန့်သတ်စောင့်ကြည့်ရေးစင်တာ ရွေးချယ်နိုင်ပါတယ်။ အသေးစိတ်ကို ဆက်လက်ဖော်ပြပါမယ်’’ဟု ဦးနိုင်ငံလင်းက ၎င်း၏ လူမှုကွန်ယက်၌ ရေးသားထားသည်။
လက်ရှိအချိန်၌ COVID-19 ဓါတ်ခွဲအတည်ပြုလူနာ ၃၉၆ ဦး၊ ရောဂါပိုးပြန်လည်ကင်းစင်လာသူ ၃၃၃ ဦး၊ သေ ဆုံးသူ ၆ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။


Ref ; People Media
0 comments:
Post a Comment