Thursday, August 6, 2020

လက်ဘနွန်နိုင်ငံ ပေါက်ကွဲမှုတွင် ၁၃၇ ဦးထက်မနည်း သေဆုံးပြီး ၅၀၀၀ ခန့် ဒဏ်ရာရ

လက်ဘနွန်နိုင်ငံ၏မြို့တော် ဘေရွတ်မြို့၌ သြဂုတ်လ ၄ ရက်က ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၃၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၀၀၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနအား ကိုးကား၍ အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူအရေအတွက်မှာ ၈၀ ဝန်းကျင်သာရှိကြောင်း လက်ဘနွန်အာဏာပိုင်များက အစောပိုင်းတွင် ခန့်မှန်းထားခဲ့ပြီး ဘေရွတ်မြို့ခံပြည်သူ ၃၀၀၀၀၀ ခန့် အိုးအိမ်မဲ့ဖြစ်သွားခဲ့ပြီး ဆေးရုံများ၌ ဒဏ်ရာရရှိသူ လူနာများနှင့် ပြည့်သွားခဲ့ကြောင်း ဘေရွတ်မြို့တော်ဝန်က ပြောသည်။
ပေါက်ကွဲမှုကြီးမှာ ဘေရွတ်မြို့တော်ဆိပ်ကမ်းရှိ အမိုနီယမ်နိုက်ထရိတ် ၂၇၅၀ တန်ကြောင့် ဖြစ်ပွားခဲ့ သည်ဟု တာဝန်ရှိသူများက အစောပိုင်းတွင် ယူဆခဲ့ကြသည်။
သို့သော်လည်း ပေါက်ကွဲမှုမှာ ဘေးအန္တရာယ်ကာကွယ်ရေး အစီအမံများမရှိသည့် ဆိပ်ကမ်းရှိ ကုန်လှောင် ရုံတစ်ခုအတွင်း သိုလှောင်ထားသော ပေါက်ကွဲစေတတ်သည့် ဓာတုပစ္စည်းများကြောင့်ဖြစ်ကြောင်း လက်ဘနွန် ဝန်ကြီးချုပ် ဟတ်ဆန်ဒိုင်ယက်ဘ်က ပြောကြားခဲ့ကြောင်း သိရသည်။
>>Zawgyi<<
လက်ဘနွန်နိုင်ငံ ပေါက်ကွဲမှုတွင် ၁၃၇ ဦးထက်မနည်း သေဆုံးပြီး ၅၀၀၀ ခန့် ဒဏ်ရာရ
Thursday, August 6, 2020
လက်ဘနွန်နိုင်ငံ၏မြို့တော် ဘေရွတ်မြို့၌ သြဂုတ်လ ၄ ရက်က ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၃၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၀၀၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနအား ကိုး ကား၍ အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူအရေအတွက်မှာ ၈၀ ဝန်းကျင်သာရှိကြောင်း လက်ဘနွန်အာဏာပိုင်များ က အစောပိုင်းတွင် ခန့်မှန်းထားခဲ့ပြီး ဘေရွတ်မြို့ခံပြည်သူ ၃၀၀၀၀၀ ခန့် အိုးအိမ်မဲ့ဖြစ်သွားခဲ့ပြီး ဆေးရုံများ၌ ဒဏ် ရာရရှိသူ လူနာများနှင့် ပြည့်သွားခဲ့ကြောင်း ဘေရွတ်မြို့တော်ဝန်က ပြောသည်။
ပေါက်ကွဲမှုကြီးမှာ ဘေရွတ်မြို့တော်ဆိပ်ကမ်းရှိ အမိုနီယမ်နိုက်ထရိတ် ၂၇၅၀ တန်ကြောင့် ဖြစ်ပွားခဲ့ သည်ဟု တာဝန်ရှိသူများက အစောပိုင်းတွင် ယူဆခဲ့ကြသည်။
သို့သော်လည်း ပေါက်ကွဲမှုမှာ ဘေးအန္တရာယ်ကာကွယ်ရေး အစီအမံများမရှိသည့် ဆိပ်ကမ်းရှိ ကုန်လှောင် ရုံတစ်ခုအတွင်း သိုလှောင်ထားသော ပေါက်ကွဲစေတတ်သည့် ဓာတုပစ္စည်းများကြောင့်ဖြစ်ကြောင်း လက်ဘနွန် ဝန်ကြီးချုပ် ဟတ်ဆန်ဒိုင်ယက်ဘ်က ပြောကြားခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment