Friday, August 14, 2020

ကိုဗစ်-၁၉ကပ်ရောဂါကိုအသုံးချပြီး စီးပွားရေးပြန်စရန် အင်ဒိုနီးရှားသမ္မတတိုက်တွန်း

ကိုဗစ်-၁၉ ကပ်ရောဂါကို အသုံးချပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေးကို ပြန်စတင်ဖို့ သမ္မတ ဂျိုကိုဝီဒိုဒိုက သြဂုတ် ၁၄ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
အင်ဒိုနီးရှားလွှတ်တော်မှာ နှစ်စဉ်ပြောကြားတဲ့ ပြည်ထောင်စုမိန့်ခွန်းအတွင်း သမ္မတ ဝီဒိုဒို က အကြပ်အတည်းကို အခွင့်အလမ်းအဖြစ်ပြောင်းပြီး ပြောင်းလဲမှုကြီးတွေ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တာပါ။
ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအစီအမံတွေကြောင့် သမ္မတ ဝီဒိုဒိုမိန့်ခွန်းပြော နေချိန်အတွင်း လွှတ်တော်အမတ်ထက်ဝက်သာ တက်ရောက်ပြီး ကျန်တဝက်ကတော့ တိုက်ရိုက်ထုတ်လွှင့်တာကို အွန်လိုင်းကနေ ကြည့်ရှုခဲ့ပါတယ်။ သမ္မတဝီဒိုဒိုက အင်ဒိုနီးရှားနိုင်ငံရဲ့ လက်ရှိစီးပွားရေးအခြေအနေကို ကွန်ပြူတာ ပရိုဂရမ် ရပ်သွားမှုနဲ့ ခိုင်းနှိုင်းပြောဆိုခဲ့တာပါ။
အင်ဒိုနီးရှားဟာ မနှစ်တုန်းက စီးပွားရေး တိုးတက်မှု ၅ ရာခိုင်နှုန်းရှိခဲ့ပေမယ့် ဒီနှစ် စီးပွားရေးဟာ တိုးတက် မှု မရှိသလောက် ဖြစ်မယ်လို့ အစိုးရက မျှော်လင့်ထားပါတယ်။ အင်ဒိုနီးရှားမှာ ကပ်ရောဂါကူးစက်သူ ၁၃၂,၀၀၀ ကျော်ရှိပြီး ၆၀၀၀ နီးပါး သေဆုံးကာ အရှေ့တောင်အာရှမှာ သေဆုံးသူ အများဆုံး ဖြစ်တယ်လို့ ရိုက်တာမှာ ဖော်ပြပါတယ်။
Ref ; DVB

0 comments:

Post a Comment