Friday, August 21, 2020

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးက ငြိမ်းချမ်းရေးအတွက် ဆုံမှတ်တစ်ခုမှာအခိုင်အမာရပ်ပြီး ရှေ့ကိုပြိုင်တူလှမ်းရန် တိုက်တွန်းပြောကြားခဲ့

ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနှင့် ပတ်သက်ပြီး "ဆုံမှတ်တစ်ခုမှာအခိုင်အမာရပ်ပြီး ရှေ့ကိုပြိုင်တူလှမ်းရန် တိုက်တွန်းပြောကြားခဲ့ကြောင်း "သူရဲ့ facebook စာမျက်နှာမှ ယမန်နေ့က ဖော်ပြခဲ့တယ်လို့ သိရပါသည်။
ပါတီ ဥက္ကဌ ဦးသန်းဌေးက "ကျွန်တော်တို့အားလုံးဟာမြန်မာ"ဆိုတဲ့ စိတ်အခံကိုပျိုးထောင်ကြဖို့ တပ်မတော်ခေါင်းဆောင်ကနှိုးဆော်လိုက်သလို၊ နိုင်ငံသားတိုင်း ပြည်ထောင်စုချစ်စိတ် နိုင်ငံချစ်စိတ်ကိုသာ ပထမ ဦးစားနေရာမှာထားသင့်ကြောင်း တိုင်းရင်းသားနိုင်ငံရေးပါတီခေါင်းဆောင်ရဲ့ ရဲဝံ့ပြတ်သားတဲ့တင်ပြချက်ဟာ ဆုံမှတ်တစ်ခု (သို့) တူညီမှု တစ်ခု ထင်ရှားစွာပေါ်ထွန်းလာကြောင်း " ပြောကြားခဲ့ပါသည်။
ယင်းအပြင် ပါတီ ဥက္ကဌ ဦးသန်းဌေးက"စတုတ္ထအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဖွင့်ပွဲမှာ စကားပြောခွင့်ရတဲ့ ခေါင်းဆောင်အသီးသီးရဲ့ ပြောဆိုမှုတွေကိုကြားရတဲ့အခါ ကိုယ်စားပြုအဖွဲ့မတူသလို ကွဲပြားခြားနားတဲ့အယူအဆတွေ အမြင်တွေရှိနေတာလဲ ထင်ရှားစွာတွေ့ရကြောင်း၊ တူညီတဲ့ခံယူချက်တွေအမြင်တွေလဲရှိတာပါပဲ "မငြိမ်းချမ်းလို့မဖြစ်ဘူး"ဆိုတဲ့ ငြိမ်းချမ်းရေးတေးတစ်ပုဒ်တင်ဆက်ခြင်းကို အစီအစဉ်တစ်ရပ်အနေနဲ့ထည့်သွင်းခဲ့သလို သီချင်းရဲ့အနက်ဖွင့်ဆိုမှုအပေါ်မှာလဲ သဘောထားတွေထပ်တူဖြစ်ကြမှာဖြစ်ကြောင်း " ပြောကြားခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ စတုတ္ထအကြိမ်မြောက် ညီလာခံကို ဩဂုတ်လ ၁၉ ရက်နေ့ မှ ဩဂုတ်လ ၂၁ ရက်နေ့အထိ ၃ ရက်ကြာ နေပြည်တော်ရှိ MICC 2 တွင် ကျင်းပနေကြောင်း သိရပါသည်။
crd-U Than Htay #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment