Monday, August 24, 2020

သတ္တုတွင်းဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးရုံးခွဲမှညွှန်ကြားရေးမှူး အပါအဝင် ငါးဦးအား အဂတိလိုက်စားမှုဖြင့် အရေးယူ

သတ္တုတွင်းဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးရုံးခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်နိုင်၊ အမှတ် (၂)သတ္တုတွင်းလုပ်ငန်း၊ မုံရွာမှ ဒုတိယအထွေထွေမန်နေဂျာ ဦးလင်းထင်၊ ရဲအုပ်မျိုးမင်းညွန့်(နုတ်ထွက်)၊ ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ရှုရှုယဉ်နှင့် မြေတိုင်း-၄ ဦးစိုးမိုးအောင်တို့အား ဟုမ္မလင်းမြို့မရဲစခန်းနှင့် မိုင်းကိုင်းရဲစခန်းတိုတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူထားကြောင်း သိရသည်။
စစ်ဆေးချက်များအရ သတ္တုတွင်းဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးရုံးခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်နိုင်သည် ရွှေမျောလုပ်ကွက် ချထားပေးခြင်းနှင့်စပ်လျဉ်း၍ လုပ်ပိုင်ခွင့်ရှိသူဖြစ်ကြောင်း ပြောဆိုကာ ရွှေမျောလုပ်ကွက်များ လျှောက်ထားသည့် ကုမ္ပဏီထံမှ ငွေကျပ် သိန်း(၄၀)ကို လည်းကောင်း၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ မုံရွာမှ ဒုတိယအထွေထွေမန်နေဂျာ ဦးလင်းထင်သည် ရွှေမျောလုပ်ကိုင်သည့် ကုမ္ပဏီထံမှ ငွေကျပ်(၂၀၃)သိန်းကို ရယူခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ရဲအုပ်မျိုးမင်းညွန့် (နုတ်ထွက်)သည် မိုင်းကိုင်းရဲစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ရွှေမျောမောင်းသူ သုံးဦးထံမှ ငွေကျပ်သိန်း (၅၀) နှင့် မျောလုပ်သား သေဆုံးခဲ့သည့်ကိစ္စနှင့် စပ်လျဉ်း၍ ငွေကျပ် သိန်း(၅၀)တို့ကို လည်းကောင်း လက်ခံရယူခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ရှုရှုယဉ်သည် အသေးစား ရွှေမျောလုပ်ကွက် လျှောက်ထားခြင်းနှင့်ပတ်သက်၍ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီမှ ထောက်ခံတင်ပြရန်အတွက် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ မြေတိုင်း-၄ ဦးစိုးမိုးအောင်ထံမှ ငွေကျပ် ၃၅၀,၀၀၀/-ကို လက်ခံရယူခြင်းဖြစ်ပြီး အမှုတွဲထိန်း တာဝန်ထမ်းဆောင်သူ မြေတိုင်း-၄ ဦးစိုးမိုးအောင်သည် မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှ ထောက်ခံတင်ပြရန်အတွက် ဒေါ်ရှုရှုယဉ်ထံ ငွေကျပ် ၃၅၀,၀၀၀/- ပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။
>>zawgyi<<
သတ္တုတွင်းဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးရုံးခွဲမှညွှန်ကြားရေးမှူး အပါအဝင် ငါးဦးအား အဂတိလိုက်စားမှုဖြင့် အရေးယူ
Monday, August 24, 2020
သတ္တုတွင်းဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးရုံးခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်နိုင်၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ မုံရွာမှ ဒုတိယအထွေထွေမန်နေဂျာ ဦးလင်းထင်၊ ရဲအုပ်မျိုးမင်းညွန့်(နုတ်ထွက်)၊ ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ရှုရှုယဉ်နှင့် မြေတိုင်း-၄ ဦးစိုးမိုးအောင်တို့အား ဟုမ္မလင်းမြို့မရဲစခန်းနှင့် မိုင်းကိုင်းရဲစခန်းတိုတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူထားကြောင်း သိရသည်။
စစ်ဆေးချက်များအရ သတ္တုတွင်းဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးရုံးခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်နိုင်သည် ရွှေမျောလုပ်ကွက် ချထားပေးခြင်းနှင့်စပ်လျဉ်း၍ လုပ်ပိုင်ခွင့်ရှိသူဖြစ်ကြောင်း ပြောဆိုကာ ရွှေမျောလုပ်ကွက်များ လျှောက်ထားသည့် ကုမ္ပဏီထံမှ ငွေကျပ် သိန်း(၄၀)ကို လည်းကောင်း၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ မုံရွာမှ ဒုတိယအထွေထွေမန်နေဂျာ ဦးလင်းထင်သည် ရွှေမျောလုပ်ကိုင်သည့် ကုမ္ပဏီထံမှ ငွေကျပ်(၂၀၃)သိန်းကို ရယူခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ရဲအုပ်မျိုးမင်းညွန့် (နုတ်ထွက်)သည် မိုင်းကိုင်းရဲစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ရွှေမျောမောင်းသူ သုံးဦးထံမှ ငွေကျပ်သိန်း (၅၀) နှင့် မျောလုပ်သား သေဆုံးခဲ့သည့်ကိစ္စနှင့် စပ်လျဉ်း၍ ငွေကျပ် သိန်း(၅၀)တို့ကို လည်းကောင်း လက်ခံရယူခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ရှုရှုယဉ်သည် အသေးစား ရွှေမျောလုပ်ကွက် လျှောက်ထားခြင်းနှင့်ပတ်သက်၍ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီမှ ထောက်ခံတင်ပြရန်အတွက် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ မြေတိုင်း-၄ ဦးစိုးမိုးအောင်ထံမှ ငွေကျပ် ၃၅၀,၀၀၀/-ကို လက်ခံရယူခြင်းဖြစ်ပြီး အမှုတွဲထိန်း တာဝန်ထမ်းဆောင်သူ မြေတိုင်း-၄ ဦးစိုးမိုးအောင်သည် မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှ ထောက်ခံတင်ပြရန်အတွက် ဒေါ်ရှုရှုယဉ်ထံ ငွေကျပ် ၃၅၀,၀၀၀/- ပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။

0 comments:

Post a Comment