Tuesday, August 11, 2020

တပ်မတော်ပိုင် ဦးပိုင်၊ မြဝတီဘဏ်နှင့် မြန်မာဘီယာတို့ အခွန်အများဆုံး ပေးဆောင်သော ကုမ္ပဏီများအ ဖြစ် သမ္မတဦးဝင်းမြင့် ဂုဏ်ပြု

မြန်မာ့တပ်မတော်ပိုင် ဦးပိုင်ကုမ္ပဏီ၊ မြဝတီဘဏ်နှင့် မြန်မာဘီယာလုပ်ငန်းတို့ကို အခွန်အများဆုံးပေးဆောင်သော ကုမ္ပဏီများအဖြစ် သမ္မတဦးဝင်းမြင့်က ယမန်နေ့က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
အခွန်အများဆုံးပေးဆောင်သော ကုမ္ပဏီများအနက် ၂၀၁၈ - ၂၀၁၉ စည်းကြပ်နှစ်အတွက်ဝင်ငွေခွန် အများဆုံးပေးဆောင်ခဲ့ကြသော မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်ဌာနကြီးမှူး ဦးအောင်ရဲဝင်း၊မြဝတီဘဏ်လီမိတက် အမှုဆောင် အရာရှိချုပ် ဦးယုလွင်တို့ကို ဂုဏ်ပြုမှတ်တမ်းပေးအပ်ခဲ့ကြောင်း၊ အလားတူ ၂၀၁၈ - ၂၀၁၉ စည်းကြပ်နှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်ခဲ့ကြသော Myanmar Brewery Ltd. CSV Director ဒေါ်မေစံပယ်ဝင်းတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြောင်း အစိုးရသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ၂၀၁၈ - ၂၀၁၉ စည်းကြပ်နှစ်အတွက် ကုန်သွယ် လုပ်ငန်းခွန် အများဆုံးပေးဆောင်ခဲ့ကြသော Myanmar Brewery Ltd. Chief Operating Officer ဦးကျော်ကြား၊ ၂၀၁၈ - ၂၀၁၉ စည်းကြပ်နှစ်အတွက် အထူးကုန်စည်ခွန် အများဆုံးပေးဆောင်ခဲ့သော Myanmar Brewery Ltd. Deputy Managing Director ဦးစိုးကျော်သူတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကြောင်း သိရှိရသည်။
မြန်မာဘီယာလုပ်ငန်းသည် ဦးပိုင်နှင့် ဂျပန်အခြေစိုက် ကီရင်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေသော လုပ်ငန်းဖြစ်သည်။
Source - Khit Thit Media

0 comments:

Post a Comment