Wednesday, August 26, 2020

ကာကွယ်ဆေးနှင့် ဆက်စပ်သောလုပ်ငန်းများ မြှင့်တင်ရေး အဆင့်မြင့် ဥပဒေပြုအမတ် တိုက်တွန်း

တရုတ်နိုင်ငံ အဆင့်မြင့် ဥပဒေပြုအမတ်တစ်ဦးက ကာကွယ်ဆေး သုတေသနပြုခြင်း၊ ဖော်ထုတ်ခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းများကို တက်ကြွစွာ မြှင့်တင်ရန် လိုအပ်ကြောင်းနှင့် ကူးစက်ရောဂါများ အထူးသဖြင့် COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေးတွင် ကာကွယ်မှု နှင့် ထိန်းချုပ်မှုအတွက် ကာကွယ် ဆေးများကို အကောင်းဆုံးအသုံးပြု ဆောင်ရွက်ရန် အလေးထားပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဝမ်ချန်းက ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်က စတင်အသက်ဝင်ခဲ့သော ကာကွယ်ဆေး စီမံခန့်ခွဲမှုဥပဒေ အကောင်အထည်ဖော်ရေးဆိုင်ရာ ဩဂုတ် ၂၅ ရက်က ပြုလုပ်ခဲ့သည့် စာတမ်းဖတ်ပွဲ၌ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။
ကာကွယ်ဆေးများသည် ကူးစက်ရောဂါများ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ အထိရောက်ဆုံးနှင့် စ ရိတ်သက်သာဆုံးနည်းလမ်းဖြစ်ကြောင်းနှင့် ကာကွယ်ဆေး စီမံခန့်ခွဲမှုဆိုင်ရာဥပဒေသည် တရုတ်နိုင်ငံ ကာ ကွယ်ဆေးများ ကောင်းကောင်းမွန်မွန် ထုတ်လုပ်ရန်အတွက် ခိုင်မာသော ဥပဒေကြောင်းအရ အာမခံချက်များ ကို ပံ့ပိုးပေးထားခြင်း ဖြစ်သည်ဟု ဝမ်က ဆိုသည်။
ထို့ပြင် ဝမ်သည် COVID-19 ကာကွယ်ဆေး သုတေသနပြုခြင်း၊ ဖော်ထုတ်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ထောက်ပံ့ခြင်းများဆိုင်ရာ တိုးတက်စေရန် တိုက်တွန်းခဲ့သလို COVID-19 ရောဂါတိုက်ဖျက်ရေးတိုက်ပွဲတွင် အောင်နိုင်ရန် ဘေးကင်း၍ ထိရောက်သော ကာကွယ်ဆေးများဖြစ်စေရန် ပြောကြားခဲ့ကြောင်း သိရသည်။
Ref ; Xinhua

0 comments:

Post a Comment