Saturday, August 8, 2020

တနသ်ာရီမြို့နယ် နှုံးပွားတွင် အမျိုးသမီးတစ်ဦး သေနတ်ထိမှန်၍ ဒါဏ်ရာရရှိ

ဖြစ်စဉ်မှာ (ဒေသအခေါ်) ဆီဘောချောင်း၌ ဥယာဉ်ခြံလာရောက်လုပ်ကိုင်၍နေထိုင်သောအသက် ၄၅ ဝန်း ကျင်ခန့် အမျိုးသမီးတစ်ဦး သည် နံနက်စောစော ၅နာရီ၃၀မီနစ်အချိန်ခန့်တွင် အမှတ်၉ကျေးရွာ၊နှင့် အမှတ် ၈ ကျေးရွာတို့၌ နံနက်သရေစာ မုန့်စိုများ ဆိုင်များသို့ တစ်ဦးတည်း ဆိုင်ကယ်ဖြင့် လာရောက်ပို့ဆောင်ရာ နှုံးပွားလမ်းမကြီးတွင် သေနတ်ဖြင့်ပစ်ခံရခြင်းဖြစ်ပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မည်သူမည်ဝါမှ မည်သည့် သေနတ်အမျိုးအစားဖြင့် ပစ်ခတ်သည်ကိုမသိရှိရသေးပေမယ့် ဒေသခံများ ခန့်မှန်းချက်အရ ဒေသသုံး တူမီးသေနတ်ဖြင့် တောတွင်းမှသားကောင်များကိုပစ်၍ ထိမှန်တာဖြစ်နိုင်သလို ရည်ရွယ်ချက်ရှိရှိ ချောင်းမြောင်းပစ်ခတ်တာ လည်းဖြစ်နိုင်ကြောင်း ခန့်မှန်းနေကြပါသည်။
အဆိုပါအမျိုးသမီးသည် သေနတ်ဒါဏ်ရာကြောင့် ဘိတ်(မြိတ်)ပြည့်သူ့ဆေးရုံကြီးသို့ (စိုးရိမ်ရ) အခြေအနေဖြင့် ဆေးကုသခံယူရန် ပို့ဆောင်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Source - Zin Moe / Aye Min Ko

0 comments:

Post a Comment