Thursday, August 6, 2020

မြောက်ကိုရီးယားတွင် ပေါက်ကွဲတစ်ခုကြောင့် လူ ၁၅ဦး သေဆုံး

တရုတ်နဲ့နယ်စပ်အနီးမှာရှိတဲ့ မြောက်ကိုရီးယားနိုင်ငံ၊ ဟီဆန်မြို့မှာ ဩဂုတ်လ ၃ရက် ညနေ ၆နာရီကျော်လောက်က ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့ပြီး ၁၅ဦးသေဆုံးခဲ့ရကာ အပြင်းအထန်ထိခိုက်ဒဏ်ရာရသူ ၃၀ဦးမျှ ရှိခဲ့တယ်လို့ တောင်ကိုရီးယားအခြေစိုက်သတင်းတွေအရ သိရပါတယ်။
ဟီဆန်မြို့ တပ်ဆုန်ခရိုင်က မိသားစုအိမ်ရာတစ်ခုမှာ ဂတ်စ်ပေါက်ကွဲမှုလို့ယူဆရတဲ့ ပေါက်ကွဲသွားခဲ့တာဖြစ်ပြီး အနီးတဝိုက်က အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့နောက် မြောက်ကိုရီးယားအာဏာပိုင်တွေဆီက တုံ့ပြန်ဆောင်ရွက်မှုမျိုးမတွေ့ရသလို မီးလောင်ပေါက်ကွဲရာနေရာဆီ မီးသတ်ကားစေလွှတ်ပေးတာမျိုးလည်းမရှိခဲ့ဘူးလို့ Daily NK သတင်းမှာဖော်ပြထားခဲ့ပါတယ်။ အိမ်ရာမှာနေထိုင်ကြသူတွေကပဲ ကိုယ့်အားကိုယ်ကိုးပြီး မီးငြှိမ်းသတ်ခဲ့ရကာ တစ်နာရီကျော်ကြာပြီးမှ မီးသေသွားခဲ့တယ်လို့ အဆိုပါသတင်းမှာဖော်ပြခဲ့ပါတယ်။
နေထိုင်သူတွေရဲ့ ပေါ့ဆမှုကြောင့်လို့သာ အာဏာပိုင်တွေက အပြစ်တင်ထားခဲ့ပါတယ်။ ဒါ့ပြင် မြောက်ကိုရီးယားအိမ်တိုင်းမှာ ချိတ်ဆွဲထားကြရတဲ့ မြောက်ကိုရီးယားအကြီးအကဲ ကင်အီဆွန်းနဲ့ ကင်ဂျုံအီတို့ရဲ့ဓာတ်ပုံတွေကို မီးလောင်တဲ့အထဲကနေ ထုတ်ယူလာနိုင်ခဲ့ကြသလားဆိုတာကို မြောက်ကိုရီးယားအာဏာပိုင်တွေက စုံစမ်းမေးမြန်းနေကြတယ်လို့ Daily NK သတင်းမှာဖော်ပြထားခဲ့ပါတယ်။
မီးလောင်ပေါက်ကွဲနေတာကို မြောက်ကိုရီးယားပြည်သူတွေ ဖုန်းကင်မရာနဲ့ ရိုက်ကူးမှတ်တမ်းတင်တာတွေကိုလည်း တားမြစ်ထားခဲ့တယ်လို့ သတင်းမှာဖော်ပြခဲ့ပါတယ်။
တောင်ကိုရီးယားရဲ့ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ယိုဆန်ကီးကတော့ ဒီပေါက်ကွဲမှုကို ဂတ်စ်ပိုက်လိုင်းကနေယိုစိမ့်ပေါက်ကွဲမှုအဖြစ်ယူဆထားကြတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
crd-Pyi Myanmar #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment