Wednesday, August 12, 2020

အိန္ဒိယနိုင်ငံသည် တရုတ်အဖွဲ့အစည်းများအား ငွေကြေးခဝါချမှုဖြင့် ဝင်ရောက်ရှာဖွေခဲ့

အိန္ဒိယအခွန်အာဏာပိုင်များသည် တရုတ်အဖွဲ့အစည်းများနှင့် အဖွဲ့ဝင်များ၏ အဆောက်အအုံများအား ငွေကြေးခဝါချမှုဖြင့် ဝင်ရောက်ရှာဖွေခဲ့ကြောင်း ဩဂုတ်လ ၁၁ ရက်နေ့ နှောင်းပိုင်းက ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ သိရှိပါသည်။ ဇွန်လက ဖြစ်ပွားခဲ့သည့် နယ်စပ်ဒေသ ပဋိပက္ခအပြီးတွင် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ အခြေ အနေများ ပိုမိုဆိုးရွားလာခဲ့ပါသည်။
ပဋိပက္ခဖြစ်ပွားချိန်မှစ၍ ဝန်ကြီးချုပ်နာရန်ဒရာမိုဒီ၏ အစိုးရသည် တရုတ် မိုဘိုင်းဖုန်း application များအား ပိတ်ပင်ခြင်း၊ တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့် အစိုးရ တင်ဒါများတွင် ပါဝင်ရန်အတွက် လိုအပ်ချက်များတင်းကျပ်ခြင်းတို့ အဆင့်ဆင့် ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ကြေညာချက်တွင် ဝင်ရောက်ရှာဖွေမှုများပြုလုပ်ချိန် သို့မဟုတ် အဖွဲ့ အစည်းများနှင့်ပတ်သက်၍ အသေးစိတ်ဖော်ပြထားခြင်းမရှိပါ။
တရုတ်လူမျိုးများ၊ ၎င်းတို့၏ မဟာမိတ်များနှင့် ဘဏ်ဝန်ထမ်း အနည်းငယ်တို့ သည် အတုအယောင်ကုမ္ပဏီများမှတဆင့် ငွေကြေးခဝါချမှုများတွင် ပါဝင်ပတ်သက်ခဲ့ ကြောင်း ကြေညာချက်တွင် ဖော်ပြထားပါသည်။
တရုတ်လူမျိုးများ၏ မေတ္တာရပ်ခံချက်အရ လှုပ်ရှားဆောင်ရွက်မှုများအား ဖော်ပြ ခဲ့ပါသည်။ အတုအယောင်အဖွဲ့အစည်းများတွင် ဘဏ်အကောင့် ၄၀ ကျော် ဖွင့်ထားပြီး ထိုကာလအတွင်း ရူပီး ၁၀ ဘီလီယံ (ဒေါ်လာ ၁၃၄.၀၃ သန်း) ကျော် ချေးငွေ ထုတ်ယူခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားပါသည်။
ဝင်ရောက်ရှာဖွေနေစဉ်အတွင်း အာဏာပိုင်များမှ ဟောင်ကောင်နှင့် အမေရိကန် ဒေါ်လာများပါဝင်သော အရောင်းအဝယ်အထောက်အထားများ တွေ့ရှိခဲ့ပါသည်။
တရုတ်ကုမ္ပဏီတစ်ခု၏ ကုမ္ပဏီခွဲတစ်ခုသည် အိန္ဒိယနိုင်ငံတွင် လက်လီအရောင်း ပြခန်းများဖွင့်လှစ်ရန် ရည်ရွယ်ထားသည့် အယောင်ဆောင်ထားသော အဖွဲ့အစည်း များမှ အိန္ဒိယရူပီး ၁ ဘီလီယံ (ဒေါ်လာ ၁၃.၄ သန်း) ကျော် ရယူခဲ့ကြောင်း ကြေညာ ချက်တွင် ဖော်ပြထားပါသည်။
ကြေညာချက်တွင် ငွေကြေးခဝါချမှုနှင့် customer များအား စည်းကမ်း ထိန်းသိမ်းသူများ၏ စိစစ်မှုမရှိဘဲ နယ်စပ်ဖြတ်ကျော်၍ ငွေကြေးအမြောက်အမြား အလျင်အမြန်ရွှေ့ပြောင်းစေနိုင်သည့် “hawala” ငွေလွှဲလုပ်ငန်းများတွင် ပါဝင်သည့် ကုမ္ပဏီများ သို့မဟုတ် တရုတ်လူမျိုးများ၏ အမည်များကို ဖော်ပြထားခြင်းမရှိပါ။
စုံစမ်းစစ်ဆေးမှုများ ထပ်မံပြုလုပ်နေဆဲဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားပါသည်။
source-Reuters #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment