Monday, August 24, 2020

နမ္မတူမြို့နယ်အတွင်း တရာမဝင်ခိုးဝင်လာသည့် တရုတ်နိုင်ငံသား ၂၀ ဦးဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တရားမဝင်လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများ သယ်ဆောင်မှုမရှိစေရေး၊ တရားမဝင်တရုတ်နိုင်ငံသားများ ခိုးဝင်ရောက်မှုမရှိစေရေး ယမန်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် နမ္မတူမြို့၊ ရပ်ကွက်(၃)၊ တရားရုံးလမ်းဆုံ၌ ဖြတ်သန်းသွားလာလျက်ရှိသည့် လူနှင့် ယာဉ်များအား စစ်ဆေးလျက်ရှိစဉ် ယာဉ်မောင်း အောင်ထွန်းလေး၊ ၂၅ နှစ်၊ (ဘ)ဦးလှမြင့်၊ နမ္မတူမြို့၊ ပန်ဟိုက်(၁)ရပ်ကွက်နေသူမောင်းနှင်လာသည့် Hilux Tiger 4 WD အမျိုးအစား အပြာရောင်ယာဉ်အားရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင်လိုက်ပါလာသော တရားမဝင်ခိုးဝင်လာသည့် တရုတ်နိုင်ငံသား ၁၅ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါမော်တော်ယာဉ်အားစစ်ဆေးလျက်ရှိစဉ် ကျော်ဝမ်း(ခ) နေလင်း၊ ၂၈ နှစ်၊ မုံးဝီးကျေးရွာ၊ နမ့်ခမ်းမြို့နေသူမှ ဦးဆောင်ခေါ်လာသည့် လိုင်စင်မဲ့ဆိုင်ကယ် ၆ စီးနှင့်အတူ တရားမဝင်ခိုးဝင်လာသည့်တရုတ်နိုင်ငံသား ၅ ဦးနှင့် ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ မြန်မာနိုင်ငံသား ၅ တို့အားဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားမဝင်ခိုးဝင်လာသည့် တရုတ်နိုင်ငံသား ၂၀ ဦး၊ လမ်းပြခေါ်ဆောင်လာသူ ၁ ဦး၊ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် ၂ ဦး၊ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ ၅ ဦးတို့အား တရားဥပဒေနှင့်အညီအရေးယူနိုင်ရေး သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း တပ်မတော်မှ သတင်းအရ သိရသည်။
>>zawgyi<<

0 comments:

Post a Comment