
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကုန်းဖောက်ရပ်ကွက်တွင် ယနေ့ နံနက် ၈း၅၅အချိန် ဟိုင်းဝေးဂိတ်အသစ် နယ်မြေရဲစခန်းအလွန် You&Meအနီး အအေးဆိုင်အရှေ့တွင် ဦးတင်သန်းဆိုသူမှရပ်နေစဉ် အိမ်စီးကားတစ်စီးမှ ရည်ရွယ်ချက်ရှိရှိကားဖြင့်ဝင်တိုက်ပြီးလှဲကျသွားစဉ် ကားအတွင်းယူဆောင်လာသောဓါးဖြင့်ထပ်မံခုတ်ကာ အဆင်သင့်ပါလာသော ဆိုင်ကယ်ပေါ်တက်၍ ထွက်ပြေးသွားကြောင်းအဆိုပါဒဏ်ရာရလူနာအား ပရဟိတာကာရီနာရေးကူညီမှူ့အသင်းမှမြိတ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့သည်။
ကားဖြင့်တိုက်ပြီးဓါးဖြင့်ခုတ်သူမှာ အသက် ၃၀ ဝန်းကျင်ဟုခန့်မှန်းရကြောင်း အသားဖြူဖြူတုတ်တုတ် နှင့်ဖြစ်ကြောင်း (ကနဦး) သိရှိရပါသည်။
သတင်းအပြည့်အစုံအား ဆက်လက်တင်ပြပေးသွားပါမည်။




Crd : T.C.P News Agency
0 comments:
Post a Comment