Wednesday, August 26, 2020

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ဝရာကျေးရွာတွင်ရှေးဟောင်းအမွေအနှစ်များတူးဖော်တွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်၊ ဝရာကျေးရွာမှာ ရှေးဟောင်းအမွေအနှစ်တွေ ဩဂုတ်(၂၅)ရက်နေ့ နေလယ်ပိုင်းကတူးဖော်တွေ့ရှိခဲ့ပါတယ်။ ဝရာကျေးရွာသမိုင်းဝင်ရွှေမုဌောဘုရားရဲ့မြောက်ဘက်ရှိ ဘုရားကုန်းနေရာမှာဘုရားတည်ဖို့ အုတ်ရိုးတွေတူးဖော်ရာကနေ ရှေးဟောင်းအမွေအနှစ်တွေကိုတွေ့ရှိခဲ့တာဖြစ်တယ်လို့ ရွှေမုဌောကျောင်းတိုက်ဆရာတော်ဦးဝေပုံကအခုလိုမိန့်ကြားပါတယ်။
" ဒီဝါတွင်းကိုတော့ အုတ်ရိုးတွေဖော်မယ်။ ဝါကျွတ်မှပဲဘုရားတည်မယ်ပေါ့။ ဒီနေ့မှာဘတ်ဟိုးနဲ့ကော်တယ်။ ဒီနေ့လူတွေနဲ့အုတ်ရိုးတွေတူးရင်းနဲ့ ရှေးဟောင်းပစ္စည်းတွေ့ရှိခဲ့တာပါ "လို့ ရွှေမုဌောကျောင်းတိုက်ဆရာ တော် ဦးဝေပုံကမိန့်ကြားပါတယ်။
အဲဒီတွေ့ရှိခဲ့တဲ့ ရှေးဟောင်းအမွေအနှစ်တွေဟာ ရှေးဟောင်းဘုရားတွေ၊ ကျောက်ဆင်းတုတော်ဘုရား ၊စာတွေ၊ အိုးတွေနဲ့ကြေးဆင်းတုတော်တွေဖြစ်ပါတယ်။ အဲဒီတွေ့ရှိခဲ့တဲ့ရှေးဟောင်းအမွေအနှစ်တွေကို ဒေသခံတွေနဲ့ တိုင်ပင်ဆွေးနွေးသွားမယ်လို့ ဆရာတော်ကမိန့်ကြားပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment