Friday, August 7, 2020

သီရိလင်္ကာရွေးကောက်ပွဲတွင် ရာဂျာပတ်ဆာညီနောင် အနိုင်ရရှိ

လွှတ်တော်ရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း သီရိလင်္ကာသမ္မတ ဂိုတာဘာယာရာဂျာပတ်ဆာက ကြေ ညာခဲ့သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကတည်းက ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသည့် အစ်ကိုဖြစ်သူ မာဟင်ဒါရာဂျာပတ်ဆာအား ဝန်ကြီးချုပ်ရာထူး အပ်နှင်းမည်ဟု မျှော်မှန်းရသည်။
ညီနောင်နှစ်ဦး၏ သီရိလင်္ကာ ပြည်သူ့ရှေ့ဆောင်ပါတီက ကတိပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုများ လုပ်ဆောင်ရန်လိုအပ်သည့် အမတ်နေရာ သုံးပုံနှစ်ပုံခန့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
၄င်းတို့၏ပါတီက အမတ်နေရာ ၂၂၅ နေရာအနက် အမတ်နေရာ ၁၄၅ နေရာအပြင် မဟာမိတ်ပါတီများ၏ အမတ်နေရာ ၅ နေရာတွင် အနိုင်ရရှိခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက သူ့ထံ ဝမ်းမြောက်ကြောင်းပြောခဲ့သည်ဟု မာဟင်ဒါရာဂျာပတ်ဆာ က တွစ်တာလူမှုကွန်ရက်၌ ရေးသားခဲ့သည်။
ရာဂျာပတ်ဆာမိသားစုက သီရိလင်္ကာနိုင်ငံရေးကို ဆယ်စုနှစ်နှစ်ခုကြာ လွှမ်းမိုးခဲ့ပြီး လက်ရှိ ယာယီဝန် ကြီးချုပ် မာဟင်ဒါရာဂျာပတ်ဆာက ၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း ရာနေးလ်ဝက်ရီမီဆင်းဟီး၏ အတိုက်အခံပါတီက မရှုမလှဖြစ်ခဲ့ပြီး လွှတ်တော်အ တွင်း အမတ်နေရာ ၁၀၆ နေရာအနက် တစ်နေရာသာ အနိုင်ရရှိပြီး မဲဆန္ဒနယ်အားလုံးတွင် ရှုံးနိမ့်ခဲ့သည်။
ယခုအခါ အဓိက အတိုက်အခံအဖွဲ့မှာ ၁၉၉၃ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော သမ္မတဟောင်း ပရီမာဒါဆာ၏ သားဖြစ်သူတည်ထောင်ခဲ့သည့် ပါတီဖြစ်သည်။
သီရိလင်္ကာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေချိန် ရွေးကောက်ပွဲတစ်ရပ် ကျင်းပခဲ့သည့် နိုင်ငံ အနည်းငယ်အနက် တစ်နိုင်ငံဖြစ်လာခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွေးကောက်ပွဲကို နှစ်ကြိမ် ရွှေ့ဆိုင်းခဲ့ပြီးဖြစ်သည်။ လက်ရှိအချိန်ထိ သီရိလင်္ကာ နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၂၈၃၉ မှုနှင့် သေဆုံးသူ ၁၁ ဦးရှိသည်။
ဂိုတာဘာယာရာဂျာပတ်ဆာက ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ၂၀၀၉ ခုနှစ်တွင် တမီလ် ကျားသူပုန်များကို ချေမှုန်းမှုကြောင့် လူများစု ဆင်ဟာလီလူမျိုးတို့ကြား ထောက်ခံမှုရရှိသူဖြစ်သည်။
တိုင်းပြည်တွင်းရှိ ပြည်သူအများစုက ဂိုတာဘာယာဦးဆောင်သော အစိုးရအဖွဲ့က တိုင်းပြည်ကို တည်ငြိမ် စေပြီး ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်သည်ဟု အသိအမှတ်ပြုကြသည်။
Source : BBC Crd : EPN
Ref; Sri Lanka election: Rajapaksa brothers win 'super-majority'

0 comments:

Post a Comment