
မနေ့ကတစ်ရက်တည်း စစ်ဆေးချက်အရ ကိုဗစ်လူနာ တစ်ရာအထိ စံချိန်တင်တွေ့ရှိပြီးတဲ့နောက် ရန်ကုန်မြို့မှာ သွားလာလှုပ်ရှားနေသူအများစု ပါးစပ်နဲ့ နှာခေါင်းစည်း (mask) တပ်ဆင်လာတာတွေ့ရပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကတော့ ပြည်သူများ လုံးဝ (လုံးဝ) မပေါ့ဆကြဖို့တို က်တွန်းထားပြီး တတ်နိုင်သမျှ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ (လုံးဝ) မသွားကြဖို့၊ တစ်ဦးနဲ့တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်ကြဖို့ ၊ အပြင်ထွက်ရင်၊ လူစုလူဝေးရှိတဲ့နေရာတွေကို သွားရင် ပါးစပ်နဲ့ နှာခေါင်းစည်း (mask) ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြဖို့ ညွှန်ကြားထားပါတယ်။





Ref ; BBC
0 comments:
Post a Comment