Wednesday, August 5, 2020

ပခုက္ကူမြို့ သီဟိုရှင်ဘုရားကြီးအနီး မြေအောက်လှိုင်ခေါင်းတွင် ရှေးလက်ရာများ မတွေ့ရ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့က သီဟိုရှင်ဘုရားကြီးအနီးမှာတွေ့ရှိရတဲ့ မြေအောက်လှိုင်ခေါင်းအတွင်းမှာ ရှေးမှုလက်ရာတွေမတွေ့ရှိရဘူးလို့ မကွေးတိုင်း ဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်သိန်းက ပြောပါတယ်။
အဲဒီ လှိုင်ခေါင်းကို သြဂုတ်လ(၄)ရက်က သီဟိုရှင်ဘုရာကြီး ရဲ့တောင်ဘက်မုဒ်အုတ်တံတိုင်းအနီး ရေနုတ်မြောင်း တူးဖော်နေစဥ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို တွေ့ရှိခဲ့တာကြောင့် မကွေးတိုင်းရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာက ဦးစီးအရာရှိ ဦးဆောင်တဲ့ အဖွဲ့နဲ့ ပုဂံ က အင်ဂျင်နီယာအဖွဲ့တွေ သွားရောက် စစ်ဆေးခဲ့ရမှာတော့ သီဟိုရှင်ဘုရားကြီးရဲ့ တောင်ဘက်မုဒ် တံတိုင်းဘေးမြေအောက်မှာဆယ်ပေခန့်အနက်မှာ (၇)ပေခန့် ကျယ်ဝန်းပြီး လူဝင်ထွက်လို့ရတဲ့ မြေအောက်ခန်း(၄) ခန်းကို တွေ့ရှိခဲတယ်လို့ ဆိုပါတယ်။
“ တွေ့တာက တော့ ရှေးဟောင်းအုတ်ဟောင်းတွေကို ဘိလပ်မြေနဲ့ ထုံးတွေ အသုံးပြုထား စီထားတာကို တွေ့ရပါတယ်။ ဒါကြောင့် ရှေးဟောင်းအဆောက်အအုံ မဟုတ်နိုင်ဘူးလို့ သုံးသပ်တာ ဖြစ်ပါတယ်။ ဒါကတော့ တွေ့ရှိချက်အပေါ် သုံးသပ်တာပေါ့။ နောက် မီးလိုင်း သွယ်တဲ့ ပလပ်စတစ် ဘရတ်ကက်၊ မီးခေါင်းနဲ့ ခလုတ်တွေ တွေ့ခဲ့ရတယ်” လို့ ဦးမြင့်သိန်းက ပြောပါတယ်။
လှိုင်ခေါင်းနဲ့ ပတ်သတ်ပြိး အသက် (၉၀) ကျော်ဘုရားလူကြီးနဲ့ ပန်းရံဆရာကြီးတွေကို မေးမြန်းပေမယ့် သိသူမရှိဘူးလို့ ဘုရားဂေါပက အဖွဲ့ဝင်တွေက ပြောပါတယ်။ တွေ့ရှိရတဲ့ ပလပ်စတစ်မီးခေါင်းမှာ(၁၉၂၀) ကျော် လျှပ်စစ်မီးစတင်သုံးစွဲချိန်က လက်ရာ ဖြစ်မယ်လို့ ယူဆရပြီလက်ရှိ လှိုင်ခေါင်းကိုတော့ ဆက်မတူးပဲ ရပ်ထား တယ်လို့ သိရပါတယ်။ မြေအောက်လှိုင်ခေါင်းထဲကို အပြင်လူတွေ ဝင်ထွက်တာတွေ တားမြစ်ဖို့ကို အုပ်ချုပ်ရေးပိုင်းနဲ့ ပူပေါင်းဆောင်ရွက်နေပြီး လေ့လာမှုတွေ ဆက်လက် ပြုလုပ်သွားဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment