Monday, August 10, 2020

မလေးရှားဘဏ္ဍာရေးဝန်ကြီးဟောင်းအား အဂတိလိုက်စားမှုဖြင့် စွဲချက်တင်ထား

မလေးရှား ဒီမိုကရက်တစ်လှုပ်ရှားမှုပါတီ (DAP) အထွေထွေအတွင်းရေးမှူး ဘဏ္ဍာရေးဝန်ကြီးဟောင်း Lim Guan Eng အား ရင်းဂစ် ၆ ဒသမ ၃ ဘီလီယံတန်ကြေးရှိ ပီနန် ရေအောက်ဥမင်လိုဏ်ခေါင်းစီမံကိန်းအား ကုမ္ပဏီတစ်ခုမှ တည်ဆောက်ခွင့်ရရှိရန် ရင်းဂစ် ၃ ဒသမ ၃ သန်းကျော်အား ရာထူးအသုံးပြုရယူခဲ့မှုအတွက် စွဲချက်တင်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ဘဏ္ဍာရေးဝန်ကြီးဟောင်း Lim Guan Eng အနေဖြင့် တရားသူကြီး အာမက်အဇာရီအဒူဟာမက် ရှေ့မှောက်ဖတ်ကြားခဲ့သော အဆိုပါစွဲချက်တွင် အပြစ်မရှိဟု အသက် ၆၀ နှစ်အရွယ်ရှိ လင်ဂွမ်အန်းက ထုချေခဲ့သည်။
ရင်းဂစ် ၆ ဒသမ ၃ ဘီလီယံဝန်းကျင် တန်ကြေးရှိသော ရေအောက်ဥမင်လိုဏ်ခေါင်းစီမံကိန်းအား ဇာရူ အာမက်မော့ဇူကီဖလီ ပိုင်ဆိုင်သော ကုမ္ပဏီက တည်ဆောက်ခွင့်ရရှိရန် ရင်းဂစ် ၃ ဒသမ ၃ သန်း ရယူခဲ့မှုအတွက် ထိုအချိန်က ပီနန်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ လင်ဂွမ်အန်းအား အာဏာအလွဲသုံးစားမှုဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ် သည်။
စွဲချက်နှင့်ပတ်သက်၍ လင်ဂွမ်အန်းတွင် အပြစ်ရှိကြောင်းတွေ့ရှိပါက မလေးရှား အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင် (MACC) ၏ ၂၀၀၉ ခုနှစ် အက်ဥပဒေအရ ထောင်ဒဏ် နှစ် ၂၀ နှင့် လက်ခံရယူခဲ့သည့် ငွေပမာ ဏ၏ ငါးဆထက်မနည်း သို့မဟုတ် ရင်းဂစ် ၁၀၀၀၀ အထက် ပြစ်ဒဏ်ချမှတ်ခံရနိုင်သည်။
တရားစွဲဆိုမှုကို MACC မှ လက်ထောက် အစိုးရရှေ့နေ အာမက်အက်ကရမ်ဂါရက်ဘ်က ဦးဆောင်ပြီး ရှေ့နေ ဂိုဘင်ဆင်းနှင့် ရမ်ကာပယ်လ်ဆင်းတို့က လင်ဂွမ်အန်းကို ကိုယ်စားပြု၍ ထုချေခဲ့ခြင်းဖြစ်သည်။
ပီနန် ရေအောက်ဥမင်လိုဏ်ခေါင်းစီမံကိန်းအား ကုမ္ပဏီတစ်ခု တည်ဆောက်ခွင့်ရရှိရန် အာဏာအလွဲသုံး စားမှုဖြင့် ကွာလာလမ်ပူတရားရုံးက သြဂုတ်လ ၇ ရက်က လင်အား စွဲချက်တင်ခဲ့သည်။ လင်ဂွမ်အန်းက ၎င်းတွင် အပြစ်မရှိဟု ထုချေခဲ့ကာ ရင်းဂစ် တစ်သန်းဖြင့် အာမခံခွင့်ပြုခဲ့သည်။
အရှည် ၇ ဒသမ ၂ ကီလိုမီတာရှိသော အငြင်းပွားဖွယ် ရေအောက်ဥမင်လိုင်ခေါင်းစီမံကိန်းက ပီနန်ကျွန်းကို ပါရှားရန်ဂါနေးမှ ဘဂန်အဂျမ်အထိ ချိတ်ဆက်ပေးမည်ဖြစ်ပြီး စီမံကိန်းတည်ဆောက်မှုကို ၂၀၂၃ ခုနှစ်တွင် စတင်ရန်စီစဉ်ထားသည်။
Source : CNA
Ref : Former Malaysian finance minister Lim Guan Eng charged with corruption

0 comments:

Post a Comment