Sunday, August 23, 2020

ပြည်ပနိုင်ငံများအနေဖြင့် ဟောင်ကောင်၏စီးပွားရေးနှင့် ဘဏ္ဍရေးဆိုင်ရာကိစ္စရပ်များအပေါ် ဝင်ရောက်စွက်ဖက်ရန်အခွင့်အရေးမရှိကြောင်း တရုတ်နိုင်ငံမှပြောကြား

ဟောင်ကောင်အရေးကိစ္စအားလုံးသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးတစ်ခု ဖြစ်ပြီး ဟောင်ကောင်၏ စီးပွား ရေးနှင့်ဘဏ္ဍရေးဆိုင်ရာကိစ္စရပ်များသည် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏တရားစီရင်ပိုင်ခွင့်အောက် တွင်ရှိကြောင်း၊ တရုတ်နိုင်ငံ ဘဏ်လုပ်ငန်းနှင့် အာမခံစည်းမျဉ်းဉပဒေကော်မရှင်၏ ပြောခွင့်ရပုဂိ္ဂုလ်တစ်ဦးမှ မကြာသေးမီကပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့ပါသည်။ နိုင်ငံခြား နိုင်ငံများအနေဖြင့် ဝင်ရောက်စွက်ဖက်ရန် အခွင့်အရေးမရှိကြောင်းကိုလည်း ဖြည့်စွက် ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံဗဟိုအစိုးရနှင့် ဟောင်ကာင်အစိုးရအရာရှိများအား ပိတ်ဆို့အရေး ယူမှုများနှင့်ပတ်သက်၍ အမေရိကန်၏လုပ်ဆောင်ချက်များကို တုံ့ပြန်သည့်အနေဖြင့် ပြောခွင့်ရတစ်ဦးမှ မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစံသတ်မှတ်ချက် များနှင့် နိုင်ငံ တကာဉပဒေကို အပြင်းအထန်ချိုးဖောက်နေပြီး တရုတ်နိုင်ငံ၏ပြည်တွင်း ရေးတွင် အလွန်အကျွံဝင်ရောက်စွက်ဖက်နေကြောင်း ပြောကြားခဲ့ပါသည်။
“မိမိတို့အနေဖြင့် တရုတ် - အမေရိကန်နှစ်နိုင်ငံအကြား စီးပွားရေး ၊ ကုန်သွယ် ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာပြဿနာများကို ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း နှင့် ဆွေးနွေးညှိနှိုင်းခြင်းတို့သည်သာ တစ်ခုတည်းသော မှန်ကန်သည့်နည်းလမ်းဖြစ် သည်ဟု အမြဲတမ်းယုံကြည်ထားကြောင်းပြောကြားခဲ့ပါသည်။
မိမိတို့အနေဖြင့် တရုတ်နိုင်ငံမှ ဘဏ္ဍရေးအဖွဲ့အစည်းများအား တရားဉပဒေ၊ လုပ်ထုံးလုပ်နည်းတို့နှင့်အညီ ဆောင်ရွက်သွားရန်နှင့် ဟောင်ကောင်ပြည်သူများ ၊စီးပွားရေးလုပ်ငန်းများအပါအဝင် စားသုံးသူများအား လုံးအတွက် ကောင်းမွန်သော ဝန်ဆောင်မှုများပေးအပ်ရန် အခိုင်အမာထောက်ခံကြောင်း ပြောကြားခဲ့ပါသည်။
အကယ်၍ အရေးယူပိတ်ဆို့မှုများသည် ဘဏ္ဍရေးဆိုင်ရာလုပ်ငန်းများအပေါ် သက်ရောက်မှုရှိ/မရှိ မေးမြန် သောအခါ ဟောင်ကောင်ဘဏ္ဍရေးဈေးကွက်နှင့် ၎င်းနှင့် ချိတ်ဆက်ထားသောငွေလဲလှယ်နှုန်းစနစ်၏ လုပ် ငန်းလည်ပတ်မှုသည် တည်ငြိမ်နေပြီး ဟောင်ကောင်ရှိ နိုင်ငံတကာဈေးကွက်၏ ယုံကြည်မှုကို ထင်ဟပ်စေပါသည်။
နိုင်ငံတကာဘဏ္ဍရေးစင်တာတစ်ခုဖြစ်သော ဟောင်ကောင်၏အနေအထားမှာ အားနည်းသွားမည်မဟုတ်ကြောင်း ၊ အနာဂတ်တွင် ဒေသတွင်း၌တည်ငြိမ်အေးချမ်းမှု နှင့် ကြွယ်ဝချမ်းသာမှုတို့ရှိလာမည်ဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့ပါသည်။
Source - CGTN #Myanmar_Online_News

0 comments:

Post a Comment