Thursday, August 20, 2020

ထိုင်ဝမ်ကျွန်းအနီး အမေရိကန်နိုင်ငံ၏ ရွက်လွှင့်သွားလာမှုသည် အလွန်အန္တရာယ်ရှိကြောင်း တရုတ်နိုင်ငံမှ ပြောကြား

ထိုင်ဝမ်းကျွန်းအနီး အမေရိကန်ရေတပ်၏ ရွက်လွှင့်သွားလာမှုသည် အလွန်အန္တရာယ်ရှိကြောင်းနှင့် ၎င်းသည် အခြားသောနိုင်ငံများ၏ အကျိုးစီးပွားများကို ထိခိုက်စေမည်ဖြစ်ကြောင်း တရုတ်စစ်တပ်မှ ဩဂုတ် လ ၁၉ ရက်နေ့က ပြောကြားခဲ့ပါသည်။
ဩဂုတ်လ ၁၈ ရက်နေ့တွင် အမေရိကန်နိုင်ငံ၏ ပဲ့ထိန်းတပ်ဒုံးပါရှိသည့် ဖျက်သင်္ဘော USS Mustin သည် ထိုင်ဝမ်ရေလက်ကြားအတွင်း ရွက်လွှင့်သွားလာခဲ့ ကြောင်းနှင့် ၎င်းသည် လွန်ခဲ့သောလများအတွင်း ပုံမှန်အတိုင်း လှည့်ပတ်သွားလာခြင်း ဖြစ်ကြောင်း အမေရိကန်ရေတပ်မှ ပြောကြားခဲ့ပါသည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အရှေ့ပိုင်းစစ်ဌာနချုပ်မှ ၎င်း၏ လေတပ်နှင့်ရေတပ်သည် အမေရိကန်သင်္ဘောဖြတ်သန်းသွားသည့် လမ်းကြောင်း တစ်လျှောက်စောင့်ကြည့်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
ထိုင်ဝမ်ရေလက်ကြားအတွင်း ပြဿနာဖြစ်စေမည့် စကားလုံးများ သို့မဟုတ် ဆောင်ရွက်ချက်များသည် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ၏ အခြေခံကျသော အကျိုးစီးပွားများနှင့် ကိုက်ညီမှုမရှိကြောင်း၊ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုတွင် ခြိမ်းခြောက်မှုဖြစ်စေနိုင်ကြောင်းနှင့် အလွန်အန္တရာယ်ရှိကြောင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) မှ ပြောကြားခဲ့ပါသည်။
တရုတ်တပ်ဖွဲ့များအနေဖြင့် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေ ပိုင်ဆိုင်မှုကို ကာကွယ်စောင့် ရှောက်ရန် နိုးနိုးကြားကြားရှိနေမည်ဖြစ်ကြောင်း ၎င်းမှ ပြောကြားခဲ့ပါသည်။ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဌာနမှ အမေရိကန်သင်္ဘောသွားလာမှုသည် ပုံမှန် မစ်ရှင်တစ်ခုဖြစ်ပြီး ၎င်းသည် ထိုင်ဝမ်ရေလက်ကြားမှတဆင့် တောင်ဘက်သို့ ဦးတည် မောင်းနှင်သွားကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ ရွက်လွှင့်သွားလာမှုသည် အမေရိကန်ကျန်းမာရေးဝန်ကြီး Alex Azar မှ ထိုင်ဝမ်သို့ သွားရောက်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် ဖြစ်ပေါ်လာခဲ့ပါသည်။ အဆိုပါ သွားရောက်မှုသည် ၁၉၇၉ ခုနှစ်တွင် ထိုင်ဝမ်သည် ဘေကျင်းအား ထောက်ခံ သည့်အတွက် အမေရိကန်နိုင်ငံမှ ထိုင်ဝမ်နှင့်သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့သည့် အချိန်မှစ၍ ထိုင်ဝမ်ကျွန်းသို့ အမေရိကန်ထိပ်တန်းအရာရှိတစ်ဦး၏ သွားရောက်ခဲ့ခြင်း ဖြစ်ပါသည်။
တရုတ်နိုင်ငံဘက်မှလည်း ထိုင်ဝမ်ကျွန်းအနီးသို့ တိုက်လေယာဉ်များ ပြန်လည် စေလွှတ်ခဲ့ပါသည်။ တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်၏ပြည်တွင်းရေးသာဖြစ်ကြောင်း ယူဆလျက်ရှိပြီး ၎င်းသည် အမေရိကန်နှင့်၎င်း၏ ဆက်ဆံရေးတွင် အထိခိုက်မခံဆုံးနှင့် အရေးကြီးဆုံး ပြဿနာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
Source - Reuters #Myanmar_Online_News

0 comments:

Post a Comment