Wednesday, August 19, 2020

မြန်မာ - ထိုင်းနယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် တရားမဝင်မြန်မာနိုင်ငံသား ၄၃ ဦး ထိုင်းစစ်တပ်၏ဖမ်းဆီးခြင်းခံရ


ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် အုမ်ကွိုင်မြို့နယ် မဲထွေ ၊ မဲ့တွန်ကျေးရွာနှင့် တခ်ခရိုင် တာဆောင်ယန်းမြို့နယ် ( သောင်းရင်းမြစ် ) မှတဆင့် ဩဂုတ်လ ၁၇ ရက် / ၁၈ ရက်နေ့များတွင် သဘာဝလမ်းကြောင်းမှတဆင့်အသီးသီးတရားမဝင်ခိုးဝင်လာကြသည့် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ၄၃ ဦးသည် ပွဲစားနှင့်ချိတ်ဆက်၍ တစ်ဦးလျှင်ဘတ် ၁၂၀၀၀ ဖြင့်ပေးဆောင်ကာဝင်ရောက်လာသည့်မော်တော်ယာဉ်များကို ထိုင်းအမှတ် (၃၆) အထူးတပ်ရင်းမှဂိတ်အသီးသီးတို့တွင်တားဆီးစစ်ဆေးကာဖမ်းဆီးမိခဲ့ကြောင်းသိရ ။
​အဆိုပါ ခိုးဝင် ၄၃ ဦးထဲတွင် မြန်မာ - ထိုင်းနယ်စပ် သောင်းရင်းမြစ်နှင့်ကပ်လျှက် ထိုင်းဘက်ခြမ်း တခ်ခရိုင် တာဆောင်ယန်းမြို့အနီးကားလမ်းဘေးတစ်နေရာတွင် မြန်မာနိုင်ငံသား ၁၆ ဦးကို သက်ဆိုင်ရာနယ်မြေခံတပ်မှဖမ်းဆီးရမိခဲ့သည်ဟုဆိုပါသည် ။
ချင်းမိုင်းခရိုင်ဝန် အုပ်ချုပ်ရေးမှူး နိုင်ကျရုန်းရစ် စငွမ်းဆတ်နှင့် ခရိုင်ကျမ္မာရေးမှူးဦးစီး ဒေါက်တာ ကျတူးချိုင်း မနီရတ် ဦးဆောင်သည့်ကျမ္မာရေးအဖွဲ့သည်အဆိုပါခိုးဝင်မြန်မာနိုင်ငံသား ၄၃ ဦးအား Covid-19 တားဆီးထိန်းချုပ်ကာကွယ်ရေးဥပဒေအရ သတ်မှတ် နေရာတွင် Quarantine အဖြစ်ထားရှိပြီး Covid ရောဂါကူးစက်မှု ရှိ / မရှိစစ်ဆေးသွားမှာဖြစ်တယ်လို့သိရပါတယ် ။
အဆိုပါအဖွဲ့သည် ဘန်ကောက်မြို့သွားရောက်အလုပ်လုပ်ကိုင်ကြမည့်သူများဖြစ်ပြီး ထိုင်းအစိုးရကတော့ Covid ကာလအတွင်း တရားဝင်အလုပ်သမားများအား ပြည်တွင်းသို့ပြန်လည်ဝင်ရောက်အလုပ်လုပ်ကိုင်ခွင့်ကိုယာယီဆိုင်းငံ့ ပိတ်ပင်ထားဆဲဖြစ်ကြောင်းThai PBS News တွင်ရေးသားဖော်ပြထားပါသည် ။
ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ ၊ ကွန်မန်ဒါလဝကရဲချုပ် ၊ ရဲဒုတိဗိုလ်ချုပ်ကြီး စုမ်းဖုမ်း ချင်းဓူဝံ သည် နယ်စပ်အသီးသီးမှ ဝင်ပေါက် / ထွက်ပေါက်နှင့် တရားမဝင်သဘာဝလမ်းကြောင်းများမှဝင်ရောက်လာနိုင်သည့် တရားမဝင်ခိုးဝင်လာသည့်သူများအားအထူးကြပ်မတ်စောင့်ကြည့်သွားဘို့ သက်ဆိုင်လူဝင်မှုကြီးကြပ်ရေးအဖွဲ့များအားညွှန်ကြားချက်ထုတ်ပြန်ထားကြောင်းသတင်းရရှိသည် ။



0 comments:

Post a Comment