Wednesday, August 12, 2020

ရန်ကုန်မြို့ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို ဆက်လက်ပိတ်ထားဦးမည်

ရန်ကုန်မြို့ သာကေတမြို့နယ် ပဲခူးမြစ်နှင့် သန်လျင်တံတားအနီးရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာကို မတ်လမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အတွက် ယာယီပိတ်ခဲ့ရာ ဖွင့်လှစ်ရန်ခွင့်ပြုချိန်တွင် အများပြည်သူအား ဝန်ဆောင်မှုပေးနိုင်ရန် ပြင်ဆင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် လျက်ရှိပြီး ကိုဗစ်-၁၉ ကာလ၌ ဆက်လက် ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
“တကယ်လို့ ဖွင့်ခွင့်ပြုခဲ့ရင် ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပြီး ဝင်ပေါက်က စပြီးတော့ အထဲမှာ လက်ဆေး ကန်တွေလည်း အဆင်သင့်ထားရှိပါတယ်။ တိုင်းရင်းသားရိုးရာ နေအိမ်ပြခန်းတွေမှာလည်း ကျန်းမာရေးသတ်မှတ်ချက်နဲ့အညီ ဆောင် ရွက်သွားမှာပါ။ နန်းမြင့်မျှော်စင်မှာ တိုင်းရင်း သားတွေရဲ့ ရုပ်တုတွေကို စုံတွဲလိုက်ပြသဖို့ စီမံ‌ဆောင်ရွက်ထားပြီးပါပြီ။ တိုင်းရင်းသား ကျေးရွာအနေနဲ့ ပြည်ထောင်စုတိုင်းရင်းသား များ စည်းလုံးညီညွတ်မှုနဲ့ ရိုးရာဓလေ့ကို ထုတ်ဖော်ပြသရာ နေရာတစ်ခုအဖြစ် နိုင်ငံ တော်ရဲ့ လမ်းညွှန်မှုနဲ့အညီ ပြုပြင်ဆောင်ရွက် သွားမယ့် ကဏ္ဍတွေလည်း ရှိပါတယ်။ ဖွင့်ခွင့် ရရင် သတင်းစာကနေ ကြေညာမှာပါ။ အခုတော့ ဆက်လက်ပိတ်ထားဖို့ ရှိပါတယ်”ဟု တိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဝင်းက ပြောသည်။
ပြည်ထောင်စု တိုင်းရင်းသားကျေးရွာကို ရန်ကုန်မြို့၊ နေပြည်တော်နှင့် ပြင်ဦးလွင်တို့တွင် ဖွင့်လှစ်ထားရှိပြီး ရန်ကုန်မြို့တစ်ခုတည်း တွင်သာ တိုင်းရင်းသားရှစ်မျိုး၏ နေအိမ်များတွင် တိုင်းရင်းသားများကိုယ်တိုင် ခန့်အပ်၍ ရိုးရာ၊ ယဉ်ကျေးမှုတို့ကို ထုတ်ဖော်ပြသလျက် တိုင်းရင်းသားညီအစ်ကိုတို့၏ စည်းလုံးညီညွတ် မှုကို ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတစ်နေရာတည်း၌ လေ့လာနိုင်ရန် ရည်ရွယ်၍ ဖွင့်လစ်ထားခြင်း ဖြစ်သည်။
ရန်ကုန်မြို့နေပြည်သူများ အများဆုံး အပန်းဖြေရာနေရာတွင် တစ်ခုအပါအဝင် ဖြစ်သော သာကေတ ပြည်ထောင်စုတိုင်းရင်း သားကျေးရွာကို ပြန်လည်ဖွင့်လှစ်ပါက အများ ပြည်သူကို ကြိုတင်အသိပေးသွားမည် ဖြစ်ပြီး လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဆက်လက်ပိတ်ထားမည် ဖြစ်ကြောင်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ သိရသည်။
crd-Myanmaalinn #Myanmar_Online_News
>>Zawgyi<<
ရန်ကုန်မြို့ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို ဆက်လက်ပိတ်ထားဦးမည်
Wednesday, August 12, 2020
ရန်ကုန်မြို့ သာကေတမြို့နယ် ပဲခူးမြစ်နှင့် သန်လျင်တံတားအနီးရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာကို မတ်လမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အတွက် ယာယီပိတ်ခဲ့ရာ ဖွင့်လှစ်ရန်ခွင့်ပြုချိန် တွင် အများပြည်သူအား ဝန်ဆောင်မှုပေးနိုင်ရန် ပြင်ဆင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် လျက်ရှိပြီး ကိုဗစ်-၁၉ ကာလ၌ ဆက်လက် ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
“တကယ်လို့ ဖွင့်ခွင့်ပြုခဲ့ရင် ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပြီး ဝင်ပေါက်က စပြီးတော့ အထဲမှာ လက်ဆေး ကန်တွေလည်း အဆင်သင့်ထားရှိပါတယ်။ တိုင်းရင်းသားရိုးရာ နေအိမ်ပြခန်းတွေမှာလည်း ကျန်းမာရေးသတ်မှတ်ချက်နဲ့အညီ ဆောင် ရွက်သွားမှာပါ။ နန်းမြင့်မျှော်စင်မှာ တိုင်းရင်း သားတွေရဲ့ ရုပ်တုတွေကို စုံတွဲလိုက်ပြသဖို့ စီမံ‌ဆောင်ရွက်ထားပြီးပါပြီ။ တိုင်းရင်းသား ကျေးရွာအနေနဲ့ ပြည်ထောင်စုတိုင်းရင်းသား များ စည်းလုံးညီညွတ်မှုနဲ့ ရိုးရာဓလေ့ကို ထုတ်ဖော်ပြသရာ နေရာတစ်ခုအဖြစ် နိုင်ငံ တော်ရဲ့ လမ်းညွှန်မှုနဲ့အညီ ပြုပြင်ဆောင်ရွက် သွားမယ့် ကဏ္ဍတွေလည်း ရှိပါတယ်။ ဖွင့်ခွင့် ရရင် သတင်းစာကနေ ကြေညာမှာပါ။ အခုတော့ ဆက်လက်ပိတ်ထားဖို့ ရှိပါတယ်”ဟု တိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဝင်းက ပြောသည်။
ပြည်ထောင်စု တိုင်းရင်းသားကျေးရွာကို ရန်ကုန်မြို့၊ နေပြည်တော်နှင့် ပြင်ဦးလွင်တို့တွင် ဖွင့်လှစ်ထားရှိပြီး ရန်ကုန်မြို့တစ်ခုတည်း တွင်သာ တိုင်းရင်းသားရှစ်မျိုး၏ နေအိမ်များတွင် တိုင်းရင်းသားများကိုယ်တိုင် ခန့်အပ်၍ ရိုးရာ၊ ယဉ်ကျေးမှုတို့ကို ထုတ်ဖော်ပြသလျက် တိုင်းရင်းသားညီအစ်ကိုတို့၏ စည်းလုံးညီညွတ် မှုကို ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတစ်နေရာတည်း၌ လေ့လာနိုင်ရန် ရည်ရွယ်၍ ဖွင့်လစ်ထားခြင်း ဖြစ်သည်။
ရန်ကုန်မြို့နေပြည်သူများ အများဆုံး အပန်းဖြေရာနေရာတွင် တစ်ခုအပါအဝင် ဖြစ်သော သာကေတ ပြည်ထောင်စုတိုင်းရင်း သားကျေးရွာကို ပြန်လည်ဖွင့်လှစ်ပါက အများ ပြည်သူကို ကြိုတင်အသိပေးသွားမည် ဖြစ်ပြီး လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဆက်လက်ပိတ်ထားမည် ဖြစ်ကြောင်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ သိရသည်။
crd-Myanmaalinn #Myanmar_Online_News

0 comments:

Post a Comment