Thursday, August 6, 2020

အမေရိကန်တွင် ဟာရီကိန်း ဝင်မွှေသဖြင့် လူ၉ဦးထက်မနည်း သေဆုံး

အမေရိကန်နိုင်ငံမှာ Covid-19ကပ်ရောဂါရင်ဆိုင်နေရဆဲမှာပဲ နောက်ထပ်သဘာ၀ဘေးအန္တရာယ်အဖြစ် ဟာရီကိန်းအီဆာရီးယပ်စ်က အမေရိကန်အတ္တလန္တိတ်ကမ်းရိုးတန်းတလျှောက် မွှေနှောက်တိုက်ခတ်သွားခဲ့၍ သေဆုံးသူ ၉ဦးထက်မနည်းရှိခဲ့ကြောင်း သိရပါတယ်။
သေဆုံးသူတွေထဲမှာ အသက်၅နှစ်အရွယ် အော်တစ်ဇင်မိန်းကလေးတစ်ဦးလည်းပါရှိခဲ့ပြီး သူရဲ့အိမ်အနီးက ချောင်းစွယ်ကနေ ရေကြီးလာခဲ့တာကနေ ရေစီးနဲ့မျောပါသွားခဲ့ပြီး သေဆုံးခဲ့တာလို့ အာဏာပိုင်တွေက ဆိုပါတယ်။
မုန်တိုင်းအရှိန်ကြောင့် ရေတွေမြင့်တက်လာခဲ့ပြီး လမ်းတွေမှာလည်း ရေတွေလွှမ်းနေခဲ့ကာ မော်တော်ကားတွေလည်း ရေစီးနဲ့မျောပါနေခဲ့ကြပါတယ်။ လေဆင်နှာမောင်းတိုက်ခတ်မှုတွေလည်း ဖြစ်ပေါ်နေသလို သစ်ပင်တွေလည်းပြိုလဲနေခဲ့ပြီး မြေပြိုမှုတွေလည်း ရှိနေပါတယ်။
မုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အားဖြန့်ဝေမှုတွေလည်း ပြတ်တောက်နေခဲ့ပြီး အိမ်ခြေ ၃သန်းကျော်နဲ့ စီးပွားရေးလုပ်ငန်းတွေမှာ လျှပ်စစ်မီးအခက်အခဲကြုံတွေ့နေကြရပါတယ်။
နယူးယောက်စီးတီး၊ နယူးဂျာစီ၊ မက်ဆာချူးဆက်နဲ့ နယူးအင်္ဂလန်တို့မှာလည်း လေဆင်နှာမောင်းအန္တရာယ်စောင့်ကြည့်နေရတယ်လို့ သိရပါတယ်။ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ထားဖို့ နယူးယောက်မြို့က ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရေးစင်တာတွေကိုလည်း ယာယီပိတ်ထားလိုက်ရပြီလို့ သိရပါတယ်။
crd-Pyi Myanmar #Myanmar_Online_News
>>Zawgyi<<
အမေရိကန်တွင် ဟာရီကိန်း ဝင်မွှေသဖြင့် လူ၉ဦးထက်မနည်း သေဆုံးခဲ့
Thursday, August 6, 2020
အမေရိကန်နိုင်ငံမှာ Covid-19ကပ်ရောဂါရင်ဆိုင်နေရဆဲမှာပဲ နောက်ထပ်သဘာဝဘေးအန္တရာယ်အဖြစ် ဟာရီကိန်းအီဆာရီးယပ်စ် က အမေရိကန်အတ္တလန္တိတ်ကမ်းရိုးတန်းတလျှောက် မွှေနှောက်တိုက်ခတ်သွားခဲ့၍ သေဆုံးသူ ၉ဦးထက်မနည်းရှိခဲ့ကြောင်း သိရပါတယ်။
သေဆုံးသူတွေထဲမှာ အသက်၅နှစ်အရွယ် အော်တစ်ဇင်မိန်းကလေးတစ်ဦးလည်းပါရှိခဲ့ပြီး သူရဲ့အိမ်အနီးက ချောင်းစွယ်ကနေ ရေကြီးလာခဲ့တာကနေ ရေစီးနဲ့မျောပါသွားခဲ့ပြီး သေဆုံးခဲ့တာလို့ အာဏာပိုင်တွေက ဆိုပါတယ်။
မုန်တိုင်းအရှိန်ကြောင့် ရေတွေမြင့်တက်လာခဲ့ပြီး လမ်းတွေမှာလည်း ရေတွေလွှမ်းနေခဲ့ကာ မော်တော်ကားတွေလည်း ရေစီးနဲ့မျောပါနေခဲ့ကြပါတယ်။ လေဆင်နှာမောင်းတိုက်ခတ်မှုတွေလည်း ဖြစ်ပေါ်နေသလို သစ်ပင်တွေလည်းပြိုလဲနေခဲ့ပြီး မြေပြိုမှုတွေလည်း ရှိနေပါတယ်။
မုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အားဖြန့်ဝေမှုတွေလည်း ပြတ်တောက်နေခဲ့ပြီး အိမ်ခြေ ၃သန်းကျော်နဲ့ စီးပွားရေးလုပ်ငန်းတွေမှာ လျှပ်စစ်မီးအခက်အခဲကြုံတွေ့နေကြရပါတယ်။
နယူးယောက်စီးတီး၊ နယူးဂျာစီ၊ မက်ဆာချူးဆက်နဲ့ နယူးအင်္ဂလန်တို့မှာလည်း လေဆင်နှာမောင်းအန္တရာယ်စောင့်ကြည့်နေရတယ်လို့ သိရပါတယ်။ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ထားဖို့ နယူးယောက်မြို့က ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရေးစင်တာတွေကိုလည်း ယာယီပိတ်ထားလိုက်ရပြီလို့ သိရပါတယ်။
crd-Pyi Myanmar #Myanmar_Online_News

0 comments:

Post a Comment