Wednesday, August 12, 2020

ဆယ်ရက်အတွင်း နယ်စပ်ကနေ ခိုးဝင်သူ တရုတ်နိုင်ငံသား ၇၀ ခန့်ရှိ

မြန်မာ - တရုတ်နယ်စပ် ခိုး၀င်ပေါက်တွေကနေ မြန်မာနိုင်ငံထဲကို တရားမ၀င် ခိုး၀င်လာတဲ့ တရုတ်နိုင်ငံသား အရေအတွက်ဟာ ၁၀ ရက်တာ ကာလအတွင်းမှာပဲ (၆၉) ယောက်ရှိသွားပြီဖြစ်​တယ်လို့ မူဆယ်မြို့နယ် ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
မူဆယ်မြို့နယ် ၊ မိုင်းယု(၁၀၅) မိုင်ကျေးရွာ ပြည်ထောင်စု ကားလမ်းမကြီး ၊မော်တောင်းကျေးရွာ ၊ နမ့်ပေါ်တံတား နဲ့ မူဆယ်မြို့ပေါ်နေရာတွေမှာ အဲ့ဒီ ခိုး၀င်တရုတ်နိုင်ငံသားတွေကို မူဆယ်မြို့မရဲစခန်းက ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ခိုး၀င်တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်လို့ မူဆယ်မြို့မှာနေထိုင်ပြီး တရုတ်-မြန်မာအရေးကို လေ့လာနေတဲ့ တက္ကသိုလ် ကထိကဟောင်း ဦးငြိမ်းကျော်ပြောပြတာက “ ရွေးကောက်ပွဲ အကြိုကာလမှာ မဲစာရင်းပြုစုရတဲ့အခါ နိုင်ငံသား မှတ်ပုံတင်ရေးကိစ္စရပ်တွေကို အရင်ဦးဆုံးလုပ်ရတယ် ၊ တချိန်ကတော့ အဲ့လိုအလုပ်မျိုးကို အမျိုးသား မှတ်ပုံတင်ရေး လုပ်ငန်းလို့ခေါ်တယ် ၊ ပြည်ပကနေ ပြည်တွင်းကို အထောက်အထားမဲ့ ၀င်ရောက်လာတယ်ဆိုတာ အထူးသဖြင့်တော့ အခုလို ရွေးကောက်ပွဲ အကြိုကာလနဲ့ တိုက်ဆိုင်နေတဲ့အခါ ရောယောင်ပြီး နိုင်ငံသားမှတ်ပုံတင်ရဖို့ ပထမအဆင့် လုပ်လာတာဖြစ်နိုင်တယ် ”လို့ ပြောပါတယ်။
ဇူလိုင် ၃၀ ရက်ကနေ သြဂုတ်လ ၁၀ ရက်နေ့အထိ ဆယ်ရက်တာ ကာလအတွင်းမှာ ခိုး၀င်လာတဲ့ တရုတ်နိုင်ငံသား (၆၉)ယောက်ကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီ ဖမ်းဆီးမိတဲ့ ခိုး၀င်တရုတ်တွေကို မူဆယ်မြို့မရဲစခန်း က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၇ နဲ့ လ၀ကအက် ဥပဒေပုဒ်မ ၁၃(၁) / ၁၃(၅) တို့အရ အမှုဖွင့် အရေးယူထားတာလည်းဖြစ်ပါတယ်။
>>Zawgyi<<
ဆယ်ရက်အတွင်း နယ်စပ်ကနေ ခိုးဝင်သူ တရုတ်နိုင်ငံသား ၇၀ ခန့်ရှိ
Wednesday, August 12, 2020
မြန်မာ - တရုတ်နယ်စပ် ခိုးဝင်ပေါက်တွေကနေ မြန်မာနိုင်ငံထဲကို တရားမဝင် ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသား အရေအတွက်ဟာ ၁၀ ရက်တာ ကာလအတွင်းမှာပဲ (၆၉) ယောက်ရှိသွားပြီဖြစ်တယ်လို့ မူဆယ်မြို့နယ် ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
မူဆယ်မြို့နယ် ၊ မိုင်းယု(၁၀၅) မိုင်ကျေးရွာ ပြည်ထောင်စု ကားလမ်းမကြီး ၊မော်တောင်းကျေးရွာ ၊ နမ့်ပေါ်တံတား နဲ့ မူဆယ်မြို့ပေါ်နေရာတွေမှာ အဲ့ဒီ ခိုးဝင်တရုတ်နိုင်ငံသားတွေကို မူဆယ်မြို့မရဲစခန်းက ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ခိုးဝင်တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်လို့ မူဆယ်မြို့မှာနေထိုင်ပြီး တရုတ်-မြန်မာအရေးကို လေ့လာနေတဲ့ တက္ကသိုလ် ကထိကဟောင်း ဦးငြိမ်းကျော်ပြောပြတာက “ ရွေးကောက်ပွဲ အကြိုကာလမှာ မဲစာရင်းပြုစုရတဲ့အခါ နိုင်ငံသား မှတ်ပုံတင်ရေးကိစ္စရပ်တွေကို အရင်ဦးဆုံးလုပ်ရတယ် ၊ တချိန်ကတော့ အဲ့လိုအလုပ်မျိုးကို အမျိုးသား မှတ်ပုံတင်ရေး လုပ်ငန်းလို့ခေါ်တယ် ၊ ပြည်ပကနေ ပြည်တွင်းကို အထောက်အထားမဲ့ ဝင်ရောက်လာတယ်ဆိုတာ အထူးသဖြင့်တော့ အခုလို ရွေးကောက်ပွဲ အကြိုကာလနဲ့ တိုက်ဆိုင်နေတဲ့အခါ ရောယောင်ပြီး နိုင်ငံသားမှတ်ပုံတင်ရဖို့ ပထမအဆင့် လုပ်လာတာဖြစ်နိုင်တယ် ”လို့ ပြောပါတယ်။
ဇူလိုင် ၃၀ ရက်ကနေ သြဂုတ်လ ၁၀ ရက်နေ့အထိ ဆယ်ရက်တာ ကာလအတွင်းမှာ ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသား (၆၉)ယောက်ကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီ ဖမ်းဆီးမိတဲ့ ခိုးဝင်တရုတ်တွေကို မူဆယ်မြို့မရဲစခန်း က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၇ နဲ့ လဝကအက် ဥပဒေပုဒ်မ ၁၃(၁) / ၁၃(၅) တို့အရ အမှုဖွင့် အရေးယူထားတာလည်းဖြစ်ပါတယ်။

0 comments:

Post a Comment