Wednesday, August 5, 2020

ကိုရိုနာဗိုင်းရပ်စ် တရှိုန်ထိုး မြင့်တက်လာပြီးနောက် ဖိလစ်ပိုင်နိုင်ငံတွင် ဒုတိယအကြိမ် အလုံပိတ်ကန့်သတ်မှုများ ထပ်လုပ်

ဖိလစ်ပိုင်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု တရှိန်ထိုးမြင့်တက်လာပြီးနောက် ကျန်းမာရေးစနစ် ပြိုလဲသွားနိုင်ကြောင်းဆရာဝန်များက သတိပေးပြီးနောက် လူသန်းဆယ်ချီ အလုံပိတ်ကန့်သတ်မှုများနှင့် ပြန်လည်ကြုံတွေ့နေသည်။
၂ ပတ်ကြာ အိမ်ထဲမှာနေရန်အမိန့်များကို မနီလာနှင့် လူဇွန်ကျွန်းပေါ်ရှိ ပတ်ဝန်းကျင်ပြည်နယ် ၄ ခုတွင် ထုတ်ပြန်ထားသည်။ ဇွန်တွင် ကမ္ဘာ့အတင်းကြပ်ဆုံး အလုံပိတ်ကန့်သတ်မှုများကို ဖိလစ်ပိုင်တွင် ပြန်ဖြေလျှော့ခဲ့သည်။
သို့သော် ဆေးရုံများတွင် အတည်ပြုလူနာ ၅ ဆတိုးလာသဖြင့် ရုန်းကန်နေရပြီး လက်ရှိတွင် လူ ၁ သိန်းကျော်ရှိနေသည်။ ယခုအလုံပိတ်ကန့်သတ်မှုများအရ မဖြစ်မနေလိုအပ်သည့် ကုန်စည်များဝယ်ရန်နှင့် လေ့ကျင့်ခန်းလုပ်ရန်မှအပ အိမ်တွင်သာ နေရမည့် အမိန့်ထုတ်ပြန်ခြင်း ဖြစ်သည်။
အများပြည်သူသုံး ပို့ဆောင်ရေးလုပ်ငန်းများကို ယာယီရပ်ဆိုင်းထားပြီး လေယာဉ်ပျံသန်းမှုလည်း ရပ်ဆိုင်းထားသည့်အပြင် စားသောက်ဆိုင်များလည်း ပါဆယ်သာရောင်းချရမည် ဖြစ်သည်။
ဗိုင်းရပ်စ်ပြန့်ပွားမှု အရှိန်လျှော့ရန် ကန့်သတ်မှုများကို ပိုတင်းကြပ်ပေးရန် သမ္မတရိုဒရီဂို ဒူတာတေးကို ဆေးဘက်ဆိုင်ရာအဖွဲ့ ၈၀ ခန့်က စနေနေ့တွင် တိုက်တွန်းခဲ့ပြီးနောက် ယခုအလုံပိတ်ကန့်သတ်မှုများ အသက်ဝင်လာသည်။
တနင်္ဂနွေနေ့တွင် ဖိလစ်ပိုင်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၀၃၂ ယောက်ရှိလာပြီး အချို့နေရာများတွင် လူနာအရေအတွက် မြင့်တက်နေသဖြင့် ဆေးရုံအတက်မခံခဲ့ကြောင်း ဖိလစ်ပိုင်မီဒီယာများတွင်ဖော် ပြသည်။
ပြန်အသက်သွင်းခဲ့သည့် ကန့်သတ်မှုများကြောင့် ရောဂါကူးစက်ခံရသူ မြင့်တက်မှုနှင့် ရင်ဆိုင်နေရသည့်ကျန်းမာရေးဝန်ထမ်းများအတွက် အချိန်ရစေမည်ဟု ဆရာဝန်များက မျှော်လင့်နေသည်။
Source ; Mekong News

0 comments:

Post a Comment