Wednesday, August 26, 2020

ရန်ကုန်တိုင်းလွှတ်တော်မှာ မေခွန်း ၂ ခုပဲမေးဖို့ ကန့်သတ်လိုက်တဲ့အတွက် ပြည်သူ့ဘဏ္ဍငွေကိုအလွဲသုံးရာရောက်



သြဂုတ်လ ၂၄ရက်နေ့ကပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်း အဝေးမှာ မေးခွန်း ၂ ခုနဲ့လွှတ်တော်လုပ်တာက ပြည်သူ့ဘဏ္ဍာငွေကို အလွဲသုံးရာရောက်တဲ့အပြင် လွှတ် တော်ကိုလည်း ပြည်သူလူထုရဲ့လေးစားမူကိုလျော့ပါးစေတယ်လို့ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းက ပြောပါတယ်။
ရန်ကုန်တိုင်း ပထမအကြိမ်လွှတ်တော်အစည်းမှာဆိုရင် လွှတ်တော်ဥက္ကဋ္ဌက ပြည်သူလူထုဘက်ဂျက်ကို ခြွေတာခဲ့သလို တစ်နှစ်ပတ်လုံး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လစာနဲ့အသုံးစရိတ်က သန်း ၇၀ လေက်ပဲသုံးတယ်လို့လည်း သိရပါတယ်။
” အခုလွှတ်တော်က ပြည်သူဘဏ္ဍငွေတွေ အရမ်းကိုသုံးတာတွေ့ရပါတယ် ။ ဥပဒေအရ လွှတ်တော်မှာ ပထ မ ၁ နာရီက မေးခွန်းတွေမေးရမယ် ။ အန်တီတို့တုန်းက မေးခွန်းကို ၁၅ ခု သို့မဟုတ် ၁၀ ခုလောက် အနည်း ဆုံးမေးကြတယ်။ လွှတ်တော်ကျင်းပတိုင်း ပထမ ၁ နာရီက မေးခွန်းမဖြစ်မနေမေးကြရတယ်။ မေးခွန်းမရှိဘူးဆိုရင် လွှတ်တော် မကျင်းပနဲ့ပေါ့ ။ အခုက လွှတ်တော်ကိုလည်းခေါ်သေးတယ်၊ မေးခွန်း ၂ ခုထဲခွင့်ပြုတယ် ဆိုတာမျိုးက ပြည်သူဘဏ္ဍငွေကို အလွဲသုံးရာရောက်ပါတယ် “လို့ဒေါက်တာညိုညိုသင်းကပြောပါတယ်။
မေးခွန်း နှစ်ခုအတွက်နဲ့လွှတ်တော်ကိုကျင်းပတဲ့အခါမှာ နိုင်ငံတော်ကနေပြီး ၁၅ သိန်းခန့်ထုတ်ယူသုံးစွဲလိုက်ရင် မေးခွန်းတစ်ခုကို ၇ သိန်း ခွဲလောက်တန်နေတယ်လို့လည်း ဒေါ်ညိုညိုသင်းက သုံးသပ်ပြောဆိုပါတယ်။
” လွှတ်တော် အကြီးအကဲခေါင်းဆောင်ကြီတွေ အမျှော်အမြင်နဲ့ဆောင်ရွက်စျေင်တယ်။ ဒီအချိန်မှာ ပြည်သူ လူထုတွေ လိုအပ်ချက်တွေအရမ်းများနေတဲ့အတွက်ကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေကလည်း မေး ခွန်းတွေအများကြီးမေးစေချင်ပါတယ်” လို့ ဒေါက်ဒေါက်တာညိုညိုသင်းကပြောပါတယ်။
သြဂုတ် ၂၄ ရက်နေ့ကပြုလုပ်တဲ ရန်ကုန်တိုင်း ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးမှာမေးခဲ့တဲ့ မေး ခွန်း၂ ခုဟာ အရင်ကမေးခွန်းဟောင်းတွေဖြစ်ပြီးတော့ လွှတ်တော်ကျင်းပတာကိုလည်း မနက် ၁၀နာရီကျော်ကနေ ကျင်းပပြီး ၁၀ နာရီ မိနစ် ၂၀ မှာပြီးစီးခဲ့တယ်လို့ ဒဂုံမြို့နယ်မဲဆန္ဒနယ် အမှတ်( ၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြေပါတယ်။
“လွှတ်တော်ကျင်းပတဲ့အခါမှာ ကိုယ်စားလှယ်တွေတတ်ရင် ထောက်ပံ့ကြေးအဖြစ်တစ်ရက်ကို ငွေကျပ် နှစ်သောင်းရတယ် ။ ၁၂၇ ဦးတတ်ရောက်တော့ မေးခွန်းတစ်ခုရဲ့တန်ဖိုးက ၁၁ သိန်းကျော်လောက်ဖြစ်နေပြီ။ အန်ကယ်က မကျေနပ်ဘူး ။ အန်ကယ်အရင်က NLD ကိုယ်စားလောင်းအဖြစ်တုန်းကလဲ ထောက်ပြပြောဆိုခဲ့တယ် ။ အန်ကယ်ဆိုရင် အခုလွှတ်တော်အစည်းအဝေးမှာ မေခွန်း ၇ ခုမေးထားတယ် ။ ပြီးခဲ့တဲ့ ၁၁ ကြိမ်မြောက်အစည်းအဝေးမှာလည်း မေးခွန်း ၁၀ ခုကျော်လောက်ရှိတယ် ။ အစိုးရက ဖြေပေးရမယ့်တာဝန်တွေရှိနေပါတယ် ။ မေးခွန်းအကြွေးတွေ အန်ကယ်တစ်ယောက်ထဲမဟုတ်ပါဘူး အခြားကိုယ်စားလှယ်တွေလဲ ရှိနေပါတယ် ” လို့ ဦးကျော်ဇေယျကပြောပါတယ်။
အခုလို လွှတ်တော်အစည်းအဝေးမှာ မေးခွန်း တစ်ခု (သို့မဟုတ်) မေးခွန်း နှစ်ခုမေးပြီး လွှတ်တော်ကျင်းပတာကို ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ်( ၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကလဲ ၂၀၁၈ ခုနှစ်အတွင်းက သူ့ရဲ့လူမူကွန်ယက်စာမျက်နှာပေါ်မှာ ဝေဖန်ထောက်ပြရေးသားခဲ့ဘူးပါတယ်။
Ref ; Voice of Myanmar

0 comments:

Post a Comment