Wednesday, August 12, 2020

အစိုးရအား ဘေရွတ်မြို့ပြည်သူများက အစိုးရအား ဆန္ဒပြမှုများဆက်လက် ဖြစ်ပွား

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့ပေါက်ကွဲမှုတွင် အစိုးရအား မကျေနပ်လို့ ဆန္ဒပြသူတွေဟာ ပါလီမန်အဆောက်အအုံ အပြင်ဘက်မှာ မီးရှို့ဆန္ဒပြတာတွေနဲ့ ၊ အဆောက်အအုံအတွင်းကို ခဲလုံးတွေနဲ့ ပစ်ပေါက်ကာ အခုလ(၁၁)ရက်နေ့က ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့တွေဟာ ဆန္ဒပြသူတွေ ပါလီမန်အဆောက်အအုံကနေ လူစုကွဲသွားအောင် ကြိုးပမ်းနေရပါတယ်။ အခုလ(၁၁)ရက်နေ့အစောပိုင်းက ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူတွေကို အမှတ်ရတဲ့အနေနဲ့ ဆန္ဒပြလူထုထောင်ပေါင်းများစွာဟာ ပေါက်ကွဲမှုဖြစ်ပွားရာ အနီးမှာ ချီတက်ခဲ့ကြပါတယ်။
ဒီပေါက်ကွဲမှုဟာ နိုင်ငံရေးခေါင်းဆောင်တွေ၊လုံခြုံရေးအေဂျင်စီတွေအပေါ် လူထုက ဒေါသထွက်စေပြီး၊ လက်ဘနွန်အစိုးရအဖွဲ့နှုတ်ထွက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကဖြစ်ပွားခဲ့တဲ့ ဘေရွတ်မြို့ပေါက်ကွဲမှုကြောင့် လူပေါင်း (၁၆၀)ထက်မနည်းသေဆုံးခဲ့ရပြီး၊ လူခြောက်ထောင်ခန့် ဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment