Wednesday, August 5, 2020

နေပြည်တော် ချစ်သူလမ်းကြား ဓားထိုးမှုဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူကို ဖမ်းမိပြီ

နေပြည်တော် ချစ်သူလမ်းကြားတွင် နေ့ခင်းကြောင်တောင် ဓားထိုးမှုဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိပြီလို့ နေပြည်တော် ရဲတပ်ဖွဲ့မှ သိရပါတယ်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက ပုဗ္ဗသီရိမြို့နယ် သပြေတန်းကျေးရွာအုပ်စု ကုက္ကိုလ်တန်း (ချစ်သူလမ်းကြား)တွင် တရားလို ကို------နှင့် မ -------- တို့ (၂) ဦးသည် ကုက္ကိုလ်ပင်ခြေရင်းတွင် စကား ပြောနေကြစဉ် နောက်ကျောမှ လူတစ်ဦး ရေဘူးကောက်သည့် သ ဏ္ဍာန် ဖြင့်ရောက်ရှိလာပြီး ၎င်း တို့မှ ရေဘူးခွံပေးမည်ပြုစဉ် ဘူးခွံကောက်သူမှ ဓားဖြင့် ထိုးခဲ့ကာ မ--- ဝတ်ဆင်ထားသည့် ငါးမူးသားခန့် ရွှေဆွဲကြိုး (၁) ကုံးအား လုယူထွက်ပြေးသွားကြောင်း တိုင်တန်းသဖြင့် ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်း (ပ)၅၈/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ၃၉၄ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ဖြစ်စဉ်ဖြစ်ပွားလျင်ဖြစ်ပွားခြင်း နေပြည်တော်ရဲတပ်ဖွဲ့မှတရားခံဖော်ထုတ်ဖမ်းဆီးရမိရေး အတွက် အနီးတစ် ဝိုက်ရှိ လယ်ကွင်းပြင်များ၊ ဆက်စပ်ကျေးရွာများအား အဖွဲ့များခွဲ၍ ပိတ်ဆို့ ရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ရာ ၂၇.၇.၂၀၂၀ ရက်နေ့တွင် အခင်းဖြစ်နေရာ အနီးရှိ ပြောင်းခင်းအတွင်း၌ တရားလို၏ပြောပြချက်အရ ပုံသ ဏ္ဍာန်နီးစပ်တူညီသည့် မသင်္ကာသူ ထွန်းထွန်း(ခ)မျိုးမင်းထိုက်(၃၆)နှစ်(ဘ)ဦးညိုဌေးအား တွေ့ရှိရသဖြင့် ဖမ်းဆီး၍ ချုပ်ရီမာန် ယူစစ်ဆေးခဲ့ရာမသင်္ကာသူမှ အခင်းဖြစ်ရပ်အားငြင်းကွယ်ထွက်ဆိုနေသော်လည်းအ ချိန်ယူ တိုက်ဆိုင်စစ်ဆေးပြီးဖော်ထုတ်ခဲ့ရာမှ ပြစ်မှုကျူးလွန်ကြောင်းဝန်ခံထွက်ဆိုခဲ့သည့်အတွက် ၂.၈.၂၀၂၀ ရက်နေ့တွင် ပြစ်မှုကျူးလွန်ပြီးနောက် ထွက်ပြေးစဉ် လွှင့်ပစ်ခဲ့သော ၎င်း ဝတ်ဆင်ခဲ့သည့် အနက်ရောင်အင်္ကျီအား အခင်းဖြစ်နေရာ၏ တောင်ဘက် ၄၀၀ ကိုက် ခန့်အကွာ ငှက်ပျောတောအနီး ရေနုတ် မြောင်းအစပ်တွင် လည်းကောင်း၊ ၄.၈.၂၀၂၀ ရက်နေ့တွင် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသော ဓါးဦးချွန် (၁) ချောင်းအား ကုန်ထုတ် (၃)လမ်းဘေး ရေမြောင်းအတွင်းမှ လည်းကောင်း တရားခံကိုယ်တိုင်လိုက်လံပြသခဲ့မှုအရ သိမ်းဆည်းရမိခဲ့ပြီး သက်သေခံဆွဲကြိုးအား သိမ်းဆည်းရရှိရေး ဆက်လက်ဆောင်ရွက် လျက်ရှိကာအမှုအား ထိရောက်ပြစ်ဒဏ်ရရှိရေးအတွက် ဥပဒေနှင့်အညီ တရားစွဲတင် ဆောင်ရွက်သွားမည်ဖြစ်ပါတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Ref ; MyanmaPlatform

0 comments:

Post a Comment