Monday, August 17, 2020

ရွေးကောက်ပွဲကော်မရှင် ဘက်လိုက်နေလား..?

ရွေးကောက်ပွဲကျင်းပခြင်းဟာ ဒီမိုကရေစီစနစ်အတွက် အခြေခံကျတဲ့ လိုအပ်ချက်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီထက်ပိုအရေးကြီးတာက ရွေးကောက်ပွဲကျင်းပခြင်းဖြစ်စဉ်ဟာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ပါ။
လက်ရှိရွေးကောက်ပွဲကော်မရှင်ရဲ့လုပ်ဆောင်မှုတွေကို နိုင်ငံရေးပါတီအချို့က ကန့်ကွက်တာ၊ သဘောမတူတာတွေ သတင်းထဲမှာ ကြားနေရပါတယ်။ ဒီရက်ပိုင်းမှာဆိုရင် ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုကို စောင့်ကြည့်ခွင့်မပြုဘူးဆိုပြီးဆုံးဖြတ်ခဲ့တဲ့အကြောင်း သတင်းတွေ တက်လာပါတယ်။
ဒါကြောင့်လည်း ရွေးကောက်ပွဲကော်မရှင်ရဲ့လုပ်ဆောင်မှုတွေအပေါ် ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားအင်အားစုတွေက စိုးရိမ်မကင်းဖြစ်နေပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ် လပ်ပြီးတရားမျှတနိုင်ပါ့မလားဆိုပြီး မေးခွန်းတွေ ထုတ်လာကြပါတယ်။
ဒါကြောင့် ဒီအပတ်ရဲ့Trends in Myanmar အစီအစဉ်မှာရွေးကောက်ပွဲကော်မရှင်နဲ့ပတ်သက်ပြီးကျွန်တော် တို့ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
- ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေအပေါ် ဘယ်လိုသဘောထားရှိသလဲ။
- ကိုဗစ်ကြောင့် ပြည်ပအဖွဲ့တွေ မလာနိုင်တဲ့အခြေအနေမှာ ကော်မရှင်က ပြည်တွင်းစောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို ဖိအားပေးဖို့ အစီအစဉ်ရှိလား။
- နိုင်ငံရေးပါတီ၊ တိုင်းရင်းသားပါတီတွေရဲ့အသံကိုကော ကော်မရှင်ကနားထောင်ရဲ့လား။
- တိုင်းရင်းသားပါတီတွေ၊ အာဏာရပါတီမဟုတ်တဲ့နိုင်ငံရေးပါတီတွေကကော ရွေးကောက်ပွဲကော်မရှင်ကို ယုံကြည်ရဲ့လား။
- လက်ရှိရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်တွေ ဆောင်ရွက်ချက်တွေဟာ ရွေးကောက်ပွဲ ဖြစ်စဉ်ရဲ့ ပွင့်လင်းမြင်သာမှုရှိခြင်း၊ တရားမျှတမှုရှိခြင်းတို့ကို မသိမသာ ထိပါးနေပြီလား။
- ရွေးကောက်ပွဲကော်မရှင်က တကယ်ပဲ ဘက်လိုက်နေပြီလား။
ဒီလိုမေးခွန်းတွေကို လာမယ့် သြဂုတ်လ ၁၉ရက် (ဗုဒ္ဓဟူး)နေ့ ည ၈ နာရီကနေ ၉ အတွင်း Trends in Myanmar မှာ ဆွေးနွေးသွားပါမယ်။
မိတ်ဆွေတို့ကော ရွေးကောက်ပွဲကော်မရှင်က ဘက်လိုက်နေတယ်လို့ ထင်သလား။ ကောမန့်မှာရေးပေးခဲ့ပါ။
Ref ; နေယံဦး

0 comments:

Post a Comment