Wednesday, August 26, 2020

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ဦးထုပ် ကိုလံဘီယာ ပြုလုပ်နေ

ကိုဗစ်ကာလအတွင်း လူနာနဲ့ထိတွေ့အလုပ်လုပ်နေရာသူတွေကို ကာကွယ်နိုင်ဖို့အတွက် အာကာသယဉ်မှုးစတိုင် ဦးထုပ်တမျိုးကို ကိုလံဘီယာနိုင်ငံက တီထွင် ပြုလုပ်နေပါတယ်။
မြို့တော် ဘိုဂိုတာအခြေစိုက် QL Concepts ကုပဏီက ထုတ်လုပ်တဲ့ အဲဒီ ဦးထုပ်ဟာ အရွယ်အစားကြီးမားပြီး အထဲမှာ ဘက်ထရီနဲ့ ပန်ကာပါတဲ့အတွက် အပြင်လေမရပဲ အကြာကြီးစွပ်ထားသည့်တိုင် အသက်ရှုဖို့ လွယ်ကူစေမှာဖြစ်ပါတယ်။
QL Concepts ရဲ့အဆိုအရ ဒီလိုအထူးပြုလုပ်ထားတဲ့ ဦးထုပ် အလုံး ၁၂၀ ကို အွန်လိုင်းကနေ ရောင်းချခဲ့ပြီး ကိုလံဘီယာ၊ အယ်-ဆာဗေဒိုးနဲ့ အမေရိကန်နိုင်ငံတို့က ဝယ်ယူခဲ့ တယ်လို့သိရပါတယ်။
ဒါအပြင် ကုပဏီဟာ အမေရိကန်မှာ ဒီပစ္စည်းတီထွင်ထုတ်လုပ်ရေးအတွက် မူပိုင်ခွင့်ရထားပြီး ဦးထုပ်တွေကို အမေရိကန်နဲ့ ဥရောပဆီ တင်ပို့နိုင်ဖို့ မျှော်လင့်ထားပါတယ်။ QL Concepts ကုပဏီရဲ့ အော်ပရေးရှင်းအရာ ရှိ Ricardo Conde ကတော့ လောလောဆယ် တရက်ကို ဦးထုပ် ၇ လုံးထုတ်လုပ်နေနိုင်ပြီလို့ပြောပါတယ်။
Ref ; The Ngephesizô Post

0 comments:

Post a Comment