Sunday, August 16, 2020

သပိတ်ကျင်း ရွှေထွက်သည်ဆိုသော ချောင်းကြီးရွာ နေရာတွင် မြေစာတူးဖော်မှုများ မလုပ်ရန် သက်ဆိုင်ရာမှ လာရောက်တားမြစ်

သပိတ်ကျင်း ရွှေထွက်သည်ဆိုသော နေရာတွင် မြေစာတူးဖော်မှုများ မလုပ်ရန် သက်ဆိုင်ရာမှ ရှင်းလင်းနေ ကြောင်း မြို့နယ် ပြန်/ဆက်မှ သိရပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာ မန္တလေး-မိုးကုတ် ကားလမ်းတွင် မိုင်တိုင်အမှတ် (၆၄/၃)နှင့်(၆၄/၄)အကြား လမ်းမြေတိုးချဲ့ရန် တောင်နံရံအား ဖြိုချရာမှထွက်ရှိလာသောမြေစာတွင် ရွှေပါသည့် သတင်းကြောင့် (၁၅-၈-၂၀၂၀)ရက်နေ့ည (၈:၃၀) နာရီအချိန်က ဒေသခံများမှ မြေစာများအား လာရောက် တူးယူနေခြင်းဖြစ်ပါတယ်။
ချောင်းကြီးကျေးရွာအနီး မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင်အမှတ် (၆၄/၃)နှင့်(၆၄/၄)အကြား (၃) ထပ်ကွေ့၌ ဆုထူးပန်ကုမ္ပဏီမှ လမ်းတိုးချဲ့ပြုပြင်မှုဆောင်ရွက်လျက်ရှိရာ တောင်နံရံအား ဘက်ဟိုးယာဉ်ဖြင့် ဖြိုချခဲ့သည့် မြေစာများမှ ရွှေပါသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး အနီးပတ်ဝန်ကျင်နှင့် ဒေသခံကျေးရွာသူ/ ကျေးရွာသား (၁၀၀၀)ဦးခန့်တို့မှ မြေစာများအား လာရောက်တူးယူခဲ့ကြတာဖြစ်ပါတယ်။
အဆိုပါနေရာသို့ သပိတ်ကျင်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးစိုးလွင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုင်းဝေလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းကျော်ဌေးနှင့်တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး မလိုလာအပ်သော ပြဿနာတစ်စုံတစ်ရာမဖြစ်ပွားရေး၊ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပွားရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးတို့အတွက် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့တို့နှင့်အတူရှင်းလင်းဆောင်ရွက်ပေးခဲ့ပြီး ည(၁၂:၀၀)နာရီတွင် မြေစာလာရောက်တူးကြသော ကျေးရွာသူ/ကျေးရွာသားအချို့ အဆိုပါနေရာမှ ပြန်လည်ထွက်ခွာ သွားခဲ့ကြကာ လူဦးရေ(၃၀၀)ခန့်သာကျန်ရှိခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများမှ မြေစာတူး ဖော်သူများအား ဆက်လက်မဆောင်ရွက်ကြရန် ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။
Crd : MyanmarPlatform

0 comments:

Post a Comment