Thursday, August 20, 2020

ထိုင်းတောင်ပိုင်း မှာ မြန်မာနိုင်ငံသားမူးယစ်ဂိုဏ်းဝင်တွေကို ဖမ်းဆီး

၂၀၂၀ ဗျူဟာ လို့ အမည်ပေးထားတဲ့ ထိုင်းမူးယစ်နိမ်နင်းရေး ဗျူရိုရဲ့ နိုင်ငံတဝှမ်း မူးယစ်ဂိုဏ်းတွေဖေါ်ထုတ်ဖမ်းဆီးနေရာမှာ သြဂုတ်လ ၁၈ရက်နေ့ကပူးခက်ခရိုင် ဒုရဲမှူး Lt. Col.Sermphan Sirikong,ရဲ့ သတင်း စားရှင်းလင်းသွားရာမှာ မြန်မာနိုင်ငံသား လေးဦးပါ မူးယစ်ဆေးဖြန့်ဖြူးရောင်းနေတဲ့ ဂိုဏ်းကို ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း ပြောဆိုသွားပါတယ်။
သြဂုတ်လ ၁၅ ရက်နေ့က ဖန်းငါးခရိုင် Phang Nga ကနေ ဖူးခက်ကို မောင်းနှင်လာနေတဲ့ ပစ်ကပ်ကားတစ်စီးကို ရဲစစ်ဆေးရေးဂိတ်က တာဆီးစစ်ဆေးရာမှာ မြန်မာနိုင်ငံသားနှစ်ဦးနဲ့အတူ စိတ်ကြွဆေးပြားတွေဖမ်းမိခဲ့ပြီးရဲတပ်ဖွဲ့က အဓိကဖြန့်ဖြူးနေသူ နောက်ထပ် မြန်မာနိုင်ငံသား နှစ်ဦး ကိုပါဖူးခက်ခရိုင်အတွင်းက နေအိမ်တစ်လုံးမှာ ရေခဲ (၃) ကီလိုနဲ့အတူဆက်လက်ဖမ်းဆီးနိုင်ခဲ့ကြေ ာင်းသိရပါတယ်။
ဖမ်းဆီးလိုက်တဲ့ မြန်မာနိုင်ငံသား မူးယစ်ဂိုဏ်းဝင်တွေကတော့
1.Mr.ZAW MIN SAN ဇော်မင်းစန်း
2.MR.MYO MIN TUN မျိုးမင်းထွန်း
3.MR.WIN NANG ဝင်းနိုင် နဲ့
4.MR.ZIN MYINT THU ဇင်မြင့်သူ တို့ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပြီး ထိုင်းမြန်မာနယ်စပ်ကနေ သယ်ယူလာတဲ့ မူးယစ်ဆေးတွေကိုဖူးခက်ခရိုင်အတွင်းမှာ ဖြန့်ရောင်းနေကြတာဖြစ်ပါတယ်။ထိုင်းရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်တွေအရသြဂုတ်လအတွင်း ထိုင်းမြန်မာနယ်စပ် တပ်ခရိုင်-ချင်းယိုင်နဲ့ ထိုင်းတောင်းပိုင်းဒေသမှာ မူးယစ်ဆေးဝါးမှုခင်းတွေနဲ့ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ ၁၀ ဦးထက်မနည်း ရှိနေတာတွေ့ရပါတယ်။
သြဂုတ်လ ၁၈ ရက်နေ့က ထိုင်း မူးယစ်နိမ်နင်ရေးဗျူရို အထွေထွေအတွင်းရေးမှူး Mr. Niyom Term Srisuk နိုင်နိယုန် ထန် စီစွတ်ကလည်းမြန်မာနိုင်ငံ ရန်ကုန်ရှိ မူးယစ်ဆေးဝါးထိမ်းချုပ်ရေးဗဟိုကော်မတီက (CCDAC)ကလည်း နိုင်ငံအတွင်း မှာ စိတ်ကြွဆေးပြားတွေ အမြောက်များဖမ်းဆီးခဲ့ကြောင်း ထိုင်းသံရုံးကို အသိပေးအကြောင်းကြားလာလို့ ဗျူဟာ၂၀၂၀ မူးယစ်နိမ်နင် းရေး မှာ မြန်မာနိုင်ငံအစိုးရရဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေဟာလည်း အားရစရာဖြစ်ကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ကြောင်း သိရပါတယ်။
Ref ; SAW

0 comments:

Post a Comment