Monday, August 17, 2020

ရခိုင်က ဘဏ်ဝန်ထမ်းကိုဗစ်လူနာရဲ့ မိသားစုဝင်တွေနဲ့ ဘဏ်ဝန်ထမ်းတွေရဲ့တို့ဖတ်ကို ရန်ကုန်ပို့ထား

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ပြည်တွင်းကိုဗစ်လူနာအမှတ်(၃၇၅)နဲ့ ထိတွေ့ခဲ့တဲ့မိသာစုဝင်တွေနဲ့ CB ဘဏ်ဝန်ထမ်းစုစုပေါင်း(၃၀)ယောက်ကျော်ကို Facility Quarantine ပို့ထားတယ်လို့ ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်း မာရေးဦးစီးဌာနက သိရပါတယ်။
သူတို့အားလုံးရဲ့တို့ဖတ်တွေကိုလည်း ရန်ကုန်က အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
"သူ့ကဘဏ်ဝန်ထမ်းဖြစ်တဲ့အတွက် ဘဏ်ကဝန်ထမ်းအားလုံးကို Facility Quarantine ထည့်ထားတယ်။ နာခေါင်းတို့ဖတ်ယူတယ်။ ပြီးရင် ဘဏ်ပိတ်ထားတယ်။"လို့ ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။
ဒါ့အပြင် လူနာဟာ ဇူလိုင်(၃၁)ရက်မှာ ကျောက်ဖြူကို Air KBZ လေယာဉ်နဲ့ CB Bank (စစ်တွေ)က ဝန်ထမ်း (၆)ယောက်၊ ဆေးကုမ္ပဏီဝန်ထမ်း(၂)ယောက်တို့နဲ့အတူသွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ကျောက်ဖြူမြို့ မြနန်းတော်တည်းခိုခန်းမှာ တည်းခိုခဲ့ပြီး ကျောက်ဖြူမြို့ အထင်ကရနေရာတွေကို လည်ပတ်ခဲ့သလို သြဂုတ်လ(၂)ရက်မှာ MNA လေကြောင်လိုင်းနဲ့ ပြန်လာခဲ့တယ်လို့ သိရပါတယ်။
သြဂုတ်လ(၃)ရက်နေ့မှာတော့ ပုဏ္ဏားကျွန်းကိုထပ်သွားပြီး (၄)ရက်နေ့မှာ အလုပ်ပြန်ဆင်းသူဖြစ်တယ်လို့ သိရပါတယ်။ "ကျွန်တော်တို့ ဆက်စပ်သူတွေအားလုံးနောက်ကို လိုက်နေပါတယ်။ စစ်ဆေးနိုင်ဖို့ပါ။"လို့ ဒေါက် တာစိုးဝင်းပိုင်က ပြောပါတယ်။
ကိုဗစ်လူနာအမှတ်(၃၇၅)ဟာ သြဂုတ်လ(၁၄)ရက်နေ့က အနံ့မရတာ၊ နှာချေတာ၊ ချောင်းဆိုးတာတွေဖြစ်ခဲ့လို့ ဆေးရုံတက်ခဲ့ပြီး သြဂုတ်လ (၁၅)ရက်မှာ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေယူပြီး ရန်ကုန်ကို ပို့ဆောင်စစ်ဆေးခဲ့ချိန်မှာတော့ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
အခုလူနာအမှတ်(၃၇၅)ကို စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးမှာ ကုသပေးနေပြီး ကျန်းမာရေးကောင်းမွန်နေတယ်လို့ သိရပါတယ်။ အခုလူနာဟာ ကိုဗစ်လူနာနဲ့ မထိတွေ့ဘူးသလို လတ်တလောပြည်ပကိုမသွားဘူးတဲ့ အသက်(၂၆)နှစ်အရွယ် အမျိုးသမီးဖြစ်ပါတယ်။
အခုလူနာဟာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ကိုဗစ်ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းတွေအရ ဇူလိုင်လ(၁၆) ရက်ကနေ တစ်လအကြာမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းကူးစက်မှုပါ။ အခုအချိန်မှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ(၃၇၅)ယောက်ရှိနေပြီး အဲဒီထဲမှာ ပြန်ကောင်းမွန်သူ (၃၂၉) ယောက်နဲ့ သေဆုံးသူ(၆)ယောက်ရှိနေပါတယ်။
Ref ; O Media

0 comments:

Post a Comment