Monday, August 17, 2020

နယူးဇီလန်ရွေးကောက်ပွဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် (၄)ပတ်နောက်ဆုတ်

နယူးဇီလန်နိုင်ငံ Auckland မြို့မှာ ကိုရိုနာဗိုင်းရပ်စ်မှုသစ်တွေ ပြန်လည်ဖြစ်ပွားလာတာကြောင့် ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို အချိန်လေးပတ်နောက်ဆုတ်လိုက်တယ်လို့ ဝန်ကြီးချုပ် Jacinda Ardern က အခုလ (၁၇)ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
ရွေးကောက်ပွဲကို အခုလာမယ့် စက်တင်ဘာ(၁၉)ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပြီး၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အောက်တိုဘာ(၁၇)ရက်နေ့ကို ပြောင်းရွှေ့ကျင်းပသွားမယ်လို့လည်း ဝန်ကြီးချုပ် Ardern က သ တင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
Auckland မြို့မှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသစ်တွေပြန်လည်ဖြစ်ပွားလာခဲ့ပြီးနောက် ၊အစိုးရက မြို့ကို နှစ်ပတ်လော့ဒေါင်းပြန်ချထားလိုက်ပါတယ်။ အတိုက်အခံပါတီတွေဘက်ကလည်း ရွေးကောက်ပွဲကို အချိန်ရွှေ့ဆိုင်းဖို့ တောင်းဆိုမှုတွေရှိခဲ့ပါတယ်။
နယူးဇီလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကင်းစင်ကာလ ရက်တစ်ရာပြည့်အဖြစ် အောင်ပွဲခံခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ အခုလို ဗိုင်းရပ်စ်ကူးစက်မှုအသစ်တွေ ပြန်လည်ဖြစ်ပွားလာခဲ့တာပါ။ နယူးဇီလန်နိုင်ငံရဲ့ ဥပဒေအရဝန်ကြီးချုပ် Ardern ဟာ ရွေးကောက်ပွဲကို အချိန်နှစ်လအထိ ရွှေ့ဆိုင်းပိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ် Ardern ကတော့ သူ့အနေနဲ့ ရွေးကောက်ပွဲအချိန်ထပ်မရွှေ့ချင်တော့ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment