Friday, August 7, 2020

သမ္မတ(ဟောင်း) ဦးသိန်းစိန်နှင့်အလှူရှင်များစုပေါင်းကာ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းမှ ရန်ကုန်တိုင်း လှည်းကူးတွင် ဆန်တင်းပေါင်း ၂၂၅၀ လှူဒါန်းမည်

သမ္မတ(ဟောင်း) ဦးသိန်းစိန်နှင့် အလှူရှင်များ စုပေါင်းကာ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းမှ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်မှာ ဆန်တင်းပေါင်း ၂၂၅၀ လှူဒါန်းမှု ပြုလုပ်သွားမှာ ဖြစ်တယ်လို့ အဆိုပါအသင်းမှ သိရပါတယ်။
ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းအနေနဲ့ ယင်းကဲ့သို့ အလှူပြုလုပ်ဖို့အတွက် ပြည်နယ်နဲ့ တိုင်းများကို မဲနှိုက်ရွေးချယ်ခဲ့ရာမှာ ရန်ကုန်တိုင်းဒေသကြီးက မဲပေါက်ခဲ့ပြီး ထိုမှတစ်ဆင့် မြို့နယ်ကို မဲနှိုက်ရွေးချယ်ခဲ့ရာမှာ လှည်းကူးမြို့နယ်က မဲပေါက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ကိုဗစ်ကာလအတောတွင်းမှာ အဖတ်ဖတ်က အခက်ခဲရှိနေကြတာလေ။ အဲ့ဒီတော့ လိုအပ်ချက်များများရှိနေတဲ့ မိသားစုတွေကို အထောက်အကူပြုစေဖို့ အခုလို လှူဒါန်းဖြစ်တာပါ။ လှူတဲ့နေရာမှာ အုပ်ချုပ်ရေးတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ သူတို့လက်ထဲမှာက စီးပွားရေးအခြေနေအလိုက် စာရင်းတွေရှိတယ်။ အုပ်ချုပ်ရေးတွေနဲ့ ပူးပေါင်းပြီးတော့မှ သူတို့ဆီက စာရင်းအတိုင်း လှူဖို့စဉ်းစားထားတယ်။" လို့ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းမှ အတွင်းရေးမှူး ကိုအောင်ပိုင်မင်းက ယနေ့ နံနက်ပိုင်းက မြန်မာ့ပလက်ဖောင်းကို ပြောပါတယ်။
အဆိုပါ လှူဒါန်းမှုကို သြဂုတ်လ ၈ရက်နေ့ သို့မဟုတ် ၉ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး တစ်အိမ်ထောင်ကို ၆ပြည်နှုန်းနဲ့ မိသားစု (၆၀၀၀)ကို ပေးဝေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းကို ၂၀၁၆ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အဆိုပါ အသင်းအနေနဲ့ ပရဟိတလုပ်ငန်းပေါင်းစုံကို ဆောင်ရွက်လျက်ရှိပါတယ်။

0 comments:

Post a Comment