Wednesday, August 26, 2020

ရခိုင်ပြည်နယ်ကို သွားရောက်တာဝန်ထမ်းဆောင်ဖို့ ၂ရက်အတွင်းနိုင်ငံအနှံ့မှစေတနာ့ဝန်ထမ်း ၁၈၆ ဦးစာရင်းပေးထား

ရခိုင်ပြည်နယ်တွင်း ကိုဗစ်ကူးစက်ပြန့်ပွားမှုဟာစိန်ခေါ်မှုဖြစ်သော်လည်းပဲ ပူးပေါင်းမှုနဲ့ကျော်လွှားမယ်လို့ လူကယ်ပြန်ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
ရခိုင်ပြည်နယ်ကို သွားရောက်ပူးပေါင်းဖို့ ၂ရက်အတွင်းမှာပဲ နိုင်ငံအနှံ့က စေတနာ့ဝန်ထမ်း ၁၈၆ ဦးစာရင်းပေးထားတဲ့အကြောင်းလည်း ဝန်ကြီးကဆိုပါတယါ။
"ပထမအသုတ်အဖြစ် ၂၅ ဦး ဟာ ကျန်းမာ/အားကစားမှ ကျန်းမာရေးဝန်ထမ်း စေတနာ့ဝန်များနဲ့အတူ နက်ဖန် ရခိုင်ပြည်နယ်သို့သွားရောက်ပါမယ်၊၂၅ဦးလုံး COVID-19 ဓါတ်ခွဲအဖြေ ပိုးမတွေ့ပါ၊ရခိုင်ပြည်နယ်မှဖေါင်ဒေးရှင်းများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူများမှ လတ်တလောစေတနာ့ဝန်ထမ်း ၂၆ ဦးပါဝင်ပါမယ်၊ နက်ဖန်မနက်မှစပြီး ဓါတ်ခွဲစစ်ဆေးမှုများပြုပေးမှာလို့သိရပါတယ်၊ မေတ္တာ စာဂ ဝိရိယ တို့ဖြင့် ပါဝင်လာသောစေတနာ့ဝန်ထမ်းများအားလုံးနှင့် ဌာနဆိုင်ရာများ၊ ပြည်သူများအားလုံးကိုအထူးဂုဏ်ယူပါတယ်၊ရခိုင်ပြည်နယ်မှာမှီတင်းနေထိုင်သူများအားလုံးနှင့် ပြည်ထောင်စုသားများအားလုံး CVID-19 ကပ်ရောဂါဘေးမှအမြန်ကင်းဝေးပါစေ"လို့ လူကယ်ပြန်ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
Ref ; Myanmar Harp Media

0 comments:

Post a Comment