Wednesday, August 12, 2020

လက်တွေ့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်နေဆဲအဆင့်၌ပင် ကိုဗစ်ထိုးဆေးအလုံး ၆ ဘီလီယံနီးပါးအား ကြိုတင်မှာယူမှု ရှိနေ

ဆေး အာနိသင်ထိရောက်မှုကို သက်သေပြနိုင်မယ့် လက်တွေ့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်နေဆဲအဆင့် ထုတ်လုပ်ခြင်း မပြုနိုင်သေးတဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတွေအတွက်ကိုပင် ကမ္ဘာတစ်ဝန်း ကြိုတင်အမှာစာ ထိုးဆေးလုံးရေ ၅.၇ ဘီလီလောက်အထိ ရှိနေတယ်လို့ သိရပါတယ်။
အနောက်နိုင်ငံ ဓါတ်ခွဲခန်းတွေက ဖန်တီးတဲ့ COVID-19 ကာကွယ်ဆေး ပထမဆုံး တင်ပို့မှုရောင်းချမှုတွေကို မကြာခဏဆိုသလို အမေရိကန်ပြည်ထောင်စုက မှာယူသိမ်းပိုက်ခဲ့ပါတယ်။ အနောက်နိုင်ငံတွေက သုံးမျိုး၊ တရုတ်က နှစ်မျိုး ပါဝင်တဲ့ ကာကွယ်ဆေး ငါးမျိုးဟာ လူထောင်ချီပါဝင် စမ်းသပ်ခံရတဲ့ “အဆင့် ၃”ဆေးအာနိသင်ထိရောက်မှု စမ်းသပ်ဆင့်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
ကမ္ဘာတစ်ဝန်းက သုတေသန ဓါတ်ခွဲခန်းတွေဟာ ကာကွယ်ဆေးထုတ်နိုင်ရေး အပြိုင်ကြိုးပမ်းနေကြတယ်လို့ သိရပါတယ်။
ဆွီဒင်-ဗြိတိသျှ ဆေးဝါးအုပ်စု AstraZeneca နဲ့ အောက်စဖို့ဒ်တက္ကသိုလ်တို့ ပူးပေါင်းဖန်တီးနေတဲ့ ကာကွယ်ဆေးဟာ စက်တင်ဘာလလောက်မှာ ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားပြီး အမေရိကန် အမျိုးသားကျန်းမာရေး အင်စကျူ့(NIH) နဲ့ လက်တွဲလုပ်ဆောင်နေတဲ့ အမေရိကန် ဇီဝနည်းပညာကုမ္ပဏီရဲ့ ကာကွယ်ဆေးဟာ နှစ်ကုန် သို့မဟုတ် နိုဝင်ဘာလလောက်မှာ ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားကြောင်း သိရပါတယ်။
အင်္ဂါနေ့မှာတော့ “Sputnik v” လို့ အမည်ပေးထားတဲ့ ကာကွယ်ဆေးကို ထုတ်လုပ်ခွင့်ပြုလိုက်ပြီလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုတ်တရက် ကြေညာခဲ့ပြီး ဆေးဟာ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်တဲ့ ရေရှည်ခိုင်မာသော ကိုယ်ခံစွမ်းအားကို ဖြစ်ပေါ်စေတယ်လို့ ဆိုခဲ့ပါတယ်။
crd-အကုန်သိ #Myanmar_Online_News
>>Zawgyi<<

crd-အကုန္သိ #Myanmar_Online_News

0 comments:

Post a Comment