Monday, August 24, 2020

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် ကိုမာဝင်နေတယ်လို့ သတင်းထွက်ပေါ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် အပြင်းအထန် နေမကောင်းဖြစ်ပြီး သတိမေ့မြောနေကြောင်း တောင်ကိုရီးယားအစိုးရ အရာရှိဟောင်းတစ်ဦးက ပြောကြားကြောင်း သတင်းထွက်ပေါ်လာပါတယ်။
ကင်မ်ဂျုံအန်ရဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျုံက မြောက်ကိုရီးယားနိုင်ငံကို ထိန်းချုပ်ဦးဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ ကင်မ်ဂျုံအန်က ၎င်းရဲ့ညီမ ကင်မ်ယိုဂျုံကို လုပ်ပိုင်ခွင့်အာဏာများ ပိုမိုလွှဲအပ်ထားကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
ယခုအခါ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ဟာ အပြင်းအထန် နေမကောင်းဖြစ်နေပြီး သတိမေ့မြောနေကြောင်း ကွယ်လွန်သွားပြီဖြစ်တဲ့ တောင်ကိုရီးယားသမ္မတ ကင်မ်ဒေးဂျုံရဲ့ လက်ထောက်ဟောင်းဖြစ်သူ ချန်ဆောင်မင် (Chang So ng-min) က ပြောလာခဲ့ပါတယ်။
"သူ ကိုမာဝင်နေတယ် (သတိမေ့မြောနေ) လို့ ကျွန်တော် သိထားပါတယ်၊ ဒါပေမဲ့ သူ ကွယ်လွန်သွားတာ မ ဟုတ်ပါဘူး" လို့ ချန်ဆောင်မင်က ဆိုပါတယ်။ ကင်မ်ဂျုံအန်ရဲ့ညီမ အသက် ၃၃ နှစ်အရွယ် ကင်မ်ယိုဂျုံအား နိုင်ငံကို ဦးဆောင်ရန် အသင့်ပြင်ဆင်ထားတယ်လို့လည်း ၎င်းက ပြောခဲ့ပါတယ်။
Ref ; Duwun

0 comments:

Post a Comment